ရန်ကုန်၊ အပြောင်းအရွှေ့
၂ဝ၂၁ ဘောလုံးရာသီသစ်အတွက် ပြင်ဆင်မှုများပြုလုပ်လျက်ရှိသည့် ဟံသာဝတီယူနိုက်တက်အသင်းအနေဖြင့် လက်ရွေးစင်အဆင့် ဂိုးသမားတစ်ဦးကိုခေါ်ယူ ခဲ့ပြီဖြစ်သည်။
2021 AFC Cup ခြေစစ်ပွဲအဆင့်နှင့် မြန်မာနေရှင်နယ်လိဂ် ဘောလုံးရာသီသစ် တို့ကို ဝင်ရောက် ယှဉ်ပြိုင်ရမည့် ဟံသာ ဝတီ ယူနိုက်တက်အသင်းသည် ဆောက်သမ်း မြန်မာအသင်းမှ မြန်မာ့လက်ရွေးစင် ဂိုးသမား ပြည့်ဖြိုး အောင်ကို ခေါ်ယူနိုင်ခဲ့သည်။
နည်းပြချုပ် ဦးမျိုးမင်းထွန်း၏ စိတ်ကြိုက် ကစားသမားတစ်ဦး ဖြစ်သည့် ပြည့်ဖြိုးအောင်ကို ခေါ်ယူရန် အသင်း BOD ထံ တင်ပြခဲ့ရာ BOD မှလည်း သဘော တူညီခဲ့သည့် အတွက် ခေါ်ယူခဲ့ခြင်းဖြစ်သည်။
ဟံသာဝတီ ယူနိုက်တက်အသင်း အနေဖြင့် ပြည့်ဖြိုးအောင်အား သုံးနှစ်စာချုပ်ချုပ် ဆိုမည်ဖြစ်ပြီး မကြာမီ ရက်ပိုင်း အတွင်း စာချုပ်ချုပ်ဆိုရန် စီစဉ်ထားကြောင်း သိရသည်။
ရာသီသစ်အတွက် ပြင်ဆင်မှုများပြုလုပ်နေသည့် ဟံသာဝတီယူနိုက်တက် အသင်းအနေဖြင့် လက်ရှိတွင် ပြည့်ဖြိုး အောင် ကိုခေါ်ယူပြီးနောက် နည်းပြချုပ်ဦးမျိုးမင်းထွန်း ခေါ်ယူလိုသည့် လက်ရွေးစင်အဆင့် ကစားသမား တချို့ကို ခေါ်ယူရန် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုရဲ