(၁၈)ကြိမ်မြောက် အရှေ့တောင်အာရှကာယဗလပြိုင်ပွဲနှင့် ၂၀၂၄ ခုနှစ်အတွင်း နိုင်ငံတကာ ကာယဗလပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင် အားကစားသမားများရွေးချယ်
ရန်ကုန် မတ် ၂
မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်က ကြီးမှူး၍ လာအိုနိုင်ငံ ဗီယန်ကျင်း မြို့၌ကျင်းပမည့် (၁၈)ကြိမ်မြောက် အရှေ့တောင်အာရှကာယဗလနှင့် ၂၀၂၄ ခုနှစ်အတွင်း ကျင်းပမည့် နိုင်ငံတကာ ကာယဗလပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင်ရွေးချယ်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် စက်ရုံလမ်းရှိ မြန်မာနိုင်ငံကာယဗလနှင့် ကာယ ကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်၌ ကျင်းပသည်။
လက်ရွေးစင်ရွေးချယ်ပွဲတွင် အမျိုးသား ကာယဗလမောင် ၅၅၊ ၆၀၊ ၆၅၊ ၇၀၊ ၇၅ ကီလိုတန်း၊ ၇၅ နှင့်အထက်ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသား Athletic Physique Up to 175 Cm + 6 Kg ပြိုင်ပွဲ၊ အမျိုးသား Sports Physique Up to 170 Cm -2 Kg ပြိုင်ပွဲ၊ အမျိုးသမီး Athletic Physique ပြိုင်ပွဲ၊ အမျိုးသမီး Model Physique Up to 160 Cm ပြိုင်ပွဲ၊ အမျိုးသမီး Model Physique Over 165 Cm ပြိုင်ပွဲများ ကျင်းပရာ မျိုးဆက်သစ် ကာယဗလမောင်မယ်များက သတ်မှတ်ကိုယ်ဟန်ခုနစ်မျိုးဖြင့် နောက်ခံ တေးဂီတနှင့်အတူ ကိုယ်ခန္ဓာကျစ်လျစ်ခိုင်မာမှုကို လှစ်ထုတ် ပြသယှဉ်ပြိုင်ကြသည်။
အဆိုပါပြိုင်ပွဲများမှ အတန်းလိုက်ပြိုင်ပွဲများ၌ အကောင်းဆုံး အားကစားများအား မြန်မာနိုင်ငံ ကာယ ဗလနှင့် ကာယကြံခိုင်မှု အားကစားဖွဲ့ချုပ်ဥက္ကဋ္ဌ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ(ဒုတိယမြို့တော်ဝန်)ဦးညီညီ၊ မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစား အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျော်သန်းနှင့် တာဝန်ရှိသူတို့က စိစစ်ရွေးချယ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ရွေးချယ်ခံမျိုးဆက်သစ် ကာယဗလအားကစားသမားများအား မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံခိုင်မှု အားကစားဖွဲ့ချုပ်ဥက္ကဋ္ဌ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်)ဦးညီညီက သြဝါဒစကား ပြောကြားသည်။ မြန်မာ့လက်ရွေးစင် ရွေးချယ်ခံ အားကစား သမားများသည် မတ်လ ၂၀ ရက်မှစတင်၍ စခန်းဝင်လေ့ကျင့်ကြမည်ဖြစ်ကြောင်း သိရသည်။
ဝန်းရံခ