(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်လာကြသူများ၏ ရင်တွင်းစကားသံများ

 

(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်လာကြသူများ၏ ရင်တွင်းစကားသံများ

 

(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပရာ အခမ်းအနား တက်ရောက်လာကြသူများ၏ စကားသံများကို ဖော်ပြလိုက်ရပါသည်-

မြင်းမူမောင်နိုင်မိုး ကွက်စိပ်ပြိုင်ပွဲ (အဖွဲ့ခေါင်းဆောင်)၊ အရေးပြိုင်ပွဲ (အကဲဖြတ်ပညာရှင်)

    ကျွန်တော်တာဝန်ယူရတဲ့ အပိုင်းကတော့ ကွက်စိပ်ပြိုင်ပွဲမှာ အဖွဲ့ခေါင်းဆောင်အဖြစ် ဆောင်ရွက်ပြီး    အရေးပြိုင်ပွဲမှာ ဒိုင်အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ရပါတယ်။ ကျွန်တော်က ၂၀၀၆ ခုနှစ်  အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲမှာ ပါဝင်ဆောင်ရွက် လုပ်ကိုင်လာတာ အခုဆိုရင်  ၁၈ နှစ်ရှိပြီ ဖြစ်ပါတယ်။ ယခုပြိုင်ပွဲမှာ အကဲဖြတ်ဒိုင် ၁၈၀ ကျော် ပါဝင်ပါတယ်။ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ မိန့်ခွန်းမှာလည်း နှစ်စဉ်နှစ်တိုင်း အမျိုးသားရေးစိတ်ဓာတ် တည်တံ့ခိုင်မြဲဖို့အတွက်   အနုပညာနည်းလမ်းဖြင့် မြှင့်တင်ရမယ်ဆိုတဲ့ အကြောင်းကို အနှစ်သာရအားဖြင့် ကျွန်တော်တို့ ခံယူရရှိပါတယ်။ ဒါ့အပြင် ဗုဒ္ဓဝင်ဇာတ်တော်တွေ၊  အင်မတန်ခက်ခဲနက်နဲတဲ့ မြတ်စွာဘုရား ဟောကြားခဲ့တဲ့ နိပါတ်တော်တွေကိုပြန်ပြီး ဇာတ်တော်ကြီးအားနဲ့၊  ကွက်စိပ်အား၊    သဘင်ပညာအားနဲ့ ပြန်လည်ပြီးတော့ ပြည်သူလူထုရင်ထဲမှာ  ဓမ္မနဲ့အဓမ္မ ယှဉ်ပြိုင်တဲ့အခါ ဓမ္မကအနိုင်ရရှိစေလိုတဲ့ စိတ်ဓာတ်မွေးမြူနိုင်ရေးအတွက် ကျွန်တော်တို့ အနုပညာဂုဏ်ကို မြှင့်တင်ပေးရမယ် ဆိုတဲ့သဘော  ပြောကြားသွားတာကို မှတ်သားပြုမိပါတယ်။  တိုင်းရင်းသားပေါင်းစုံ သံစုံတီးဝိုင်း    ဒီနှစ်မှာထူးထူးခြားခြား ပါဝင်လာတာ     အင်မတန်မှ အနှစ်သာရရှိတဲ့ သံစုံတီးဝိုင်းဖြစ်ပါတယ်။

တိုင်းရင်းသားပေါင်း ၄၀ ကျော်ပါဝင်ပြီး မိမိတို့ရဲ့တစ်မျိုးချင်းစီရဲ့ရှိတဲ့ တီးဟန်အစား၊ အားလုံးပေါင်းစပ် တီးခတ်လိုက်တဲ့အခါမှာ တိုင်းရင်းသား သံစုံတီးဝိုင်းကြီး   ဘယ်လောက်ကျက်သရေ မင်္ဂလာရှိတယ်ဆိုတာ ခံ့ညားတယ်ဆိုတာ ပြသသွားတာဖြစ်ပါတယ်။ ဒီအဖွဲ့တွေကိုလည်း နိုင်ငံတော်အကြီးအကဲက ဆုငွေချီးမြှင့်ထားပါတယ်။ ဒိုင်တွေနဲ့ ပြိုင်ပွဲဝင်တွေ ဦးတည်ရမှာကတော့ အနုပညာကိုပဲ ဦးတည်ပြီး ဒိုင်တွေကလည်း ဥပဒေရေး၊ အဂတိလိုက်စားမှု၊ ဘက်မလိုက်ဘဲ ချီးမြှင့်နိုင်တဲ့သူကိုချီးမြှင့်ပြီးတော့ ကြိုးစားဆောင်ရွက်ခြင်းဖြင့် အဆို၊အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ငွေရတုမက၊ ရွှေရတုမက၊   စိန်ရတုတိုင်အောင် ဆက်လက်တည်မြဲ ခိုင်မြဲသွားလိမ့်မယ်လို့ ယုံကြည်ပါတယ်။

Description: C:\Users\Aye Lwin\Desktop\15-10-2024\1510103.JPG

ဒေါ်နွဲ့နွဲ့စန်း(အက)အကဲဖြတ်ပညာရှင်

    အမေက (၂၅) ကြိမ်မြောက်   ငွေရတု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲမှာ အကဒိုင် အကဲဖြတ်အဖြစ်  တာဝန်ယူထားရပါတယ်။ ဆိုကရေးတီးပြိုင်ပွဲ စတင်ကျင်းပကတည်းက   အခုငွေရတုအထိပါ အမေ ပါဝင်ဆောင်ရွက်ခဲ့တာဖြစ်တယ်။ နိုင်ငံတော်အစိုးရကနေ ဆိုကရေးတီးပြိုင်ပွဲကို ကျင်းပပေးတာ ကျေးဇူးတင်ပါတယ်။ ဒီနေ့ပွဲမှာ ထူးခြားတာက တိုင်းရင်းသားပေါင်းစုံ သံစုံတီးဝိုင်းကြီးတီးခတ်တာ      အမေကိုယ်တိုင် ပါဝင်တီးခတ်နေသလို ခံစားရတယ်။    ကြည့်ပြီးစိတ်ထဲကြည်နူး ခံစားမိတယ်။ အားလုံးလည်းခံစားမိမယ် ထင်ပါတယ်။ ဒီနှစ်မှာ ချင်းအက ထူးခြားမှုရှိတယ်လို့ သိရတယ်။    ချင်းရဲ့နက်နဲတဲ့ အကကို  မွန်ကသိတယ်။ မွန်ရဲ့သိမ်မွေ့နူးညံ့တာကို ချင်းကသိတယ်။ လူမျိုးတစ်မျိုးရဲ့အကတွေကို    တန်ဖိုးထားလာတာကို တွေ့ရတယ်။ နိုင်ငံတော်သီချင်းတီးလုံးကိုလည်း အမြဲတီးဖို့ တိုက်တွန်းချင်တယ်။ နိုင်ငံခြားကလာတဲ့ ဧည့်သည်တွေကိုလည်း နိုင်ငံတော်သီချင်းနဲ့    ဧည့်ခံဖျော်ဖြေသင့်ပါတယ်။

ဒိုင်တွေကလည်း သဘောမနော၊ ဝါသနာ၊ အနစ်နာခံတဲ့အတွက် ဘာမှပြောစရာ မလိုပါဘူး။ တိုင်းရင်းသားတွေ လာပြိုင်တာကလည်း သူတို့က တိုင်းရင်းသားဖြစ်ပေမယ့် မြန်မာ့ရိုးရာယဉ်ကျေးမှုကို တန်ဖိုးထားမြတ်နိုး တတ်လာတာက နိုင်ငံတော်ရဲ့ကျေးဇူးပါ။  မျိုးဆက်သစ်လူငယ်တွေ ပိုမိုပါဝင်ယှဉ်ပြိုင်လာတဲ့ အပေါ်မှာလည်း ကျေနပ်အားရမိပါတယ်။ ဒီနေ့ဆိုကရေးတီး ပြိုင်ပွဲကြီးက အဓိပ္ပာယ်ရှိသော အရာ၊ တန်ဖိုးရှိသောအရာလို့ အမေပြောချင်ပါတယ်။

Description: C:\Users\Aye Lwin\Desktop\15-10-2024\1510104.JPG

ဒုတိယပါမောက္ခချုပ်ဒေါက်တာအောင်နေမျိုး(ရှမ်းပြည်နယ်) အဆို၊ အက၊ အရေး၊ အတီး

အဖွဲ့ခေါင်းဆောင်

    ကျွန်တော်ကတော့     တောင်ကြီးတက္ကသိုလ်     ဒုတိယပါမောက္ခချုပ် ဒေါက်တာအောင်နေမျိုး( ရှမ်းပြည်နယ် ) အဆို၊   အက၊ အရေး၊ အတီး အဖွဲ့ခေါင်းဆောင်ဖြစ်ပါတယ်။  ကျွန်တော်တို့အဖွဲ့မှာ ပြိုင်ပွဲဝင် ၁၃၅ ယောက် ပါဝင်ပါတယ်။ ဇာတ်သဘင်၊ ရုပ်စုံ၊ ကွက်စိပ်တို့ကလွဲရင် ကျန်တဲ့ဘာသာရပ်တွေ ယှဉ်ပြိုင်

သွားမှာဖြစ်ပါတယ်။   တိုင်းရင်းသားရိုးရာ တူရိယာထပ်တိုးတဲ့အတွက်    ဒီနှစ်မှာ လူအင်အားထပ်တိုးပါတယ်။ ပြိုင်ပွဲဝင် ကလေးအားလုံးကလည်း  ကြိုးစားတဲ့အတွက် ဆုရဖို့မျှော်မှန်းထားပါတယ်။

ကျွန်တော်ကိုယ်တိုင်လည်း  ဝါသနာပါတဲ့အတွက် ဆိုကရေးတီးပြိုင်ပွဲမှာ ၁၉၉၃  ခုနှစ်ကတည်းက အခုငွေရတုရောက်တဲ့ ပြိုင်ပွဲအထိ ကျွန်တော်ပါဝင် ဆောင်ရွက်ခဲ့ပါတယ်။   ယခုလိုမျိုး ဆိုကရေးတီးပြိုင်ပွဲကို နိုင်ငံတော်အစိုးရက ကျင်းပပေးတဲ့အတွက် အတိုင်းမသိဝမ်းသာမိပါတယ်။ အဖွဲ့ဝင်တွေ တည်းခိုနေထိုင်ရေးမှာလည်း အဆင်ပြေပါတယ်။  အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။

Description: C:\Users\Aye Lwin\Desktop\15-10-2024\1510105.JPG

မသွန်းနေခြည်ဝင်း(ရှမ်းပြည်နယ် ကိုယ်စားပြု အကပြိုင်ပွဲဝင်)

    ကျွန်မက ရှမ်းပြည်နယ် ကိုယ်စားပြုအဖွဲ့က မသွန်းနေခြည်ဝင်းဖြစ်ပါတယ်။ ဒီနှစ်မှ  ပထမဆုံး ချင်းတိုင်းရင်းသားရိုးရာ အကနဲ့ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ဆိုကရေးတီးပြိုင်ပွဲကြီးမှာ ယဉ်ကျေးမှု အမွေအနှစ်တွေကိုလည်း တစုတစည်းတည်းတွေ့ရပြီး ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေ ထိန်းသိမ်းတတ်လာအောင် ဆိုကရေးတီးပြိုင်ပွဲကြီး ကျင်းပတာ ကောင်းပါတယ်။  ကျွန်မတို့အနေနဲ့ ဒီလိုယှဉ်ပြိုင်ရတာ တာဝန်ကြီးပါတယ်။ သူတို့ဖော်ကျူးချင်တဲ့ ခံစားချက်၊ သူတို့ရဲ့ရိုးရာ ယဉ်ကျေးမှုကို မပျောက်အောင် ကျွန်မတို့က ထိန်းသိမ်းပြီးတော့ ကရမယ့် တာဝန်တွေရှိပါတယ်။ ချင်းလူမျိုးတွေရဲ့အက သူတို့ရဲ့ကျေးလက် နေလူနေမှုဘဝတွေကို ဖော်ကျူးထားတယ်။ တက်တက်ကြွကြွ ပျော်ပျော်ရွှင်ရွှင်ကရတဲ့အတွက် ကျွန်မတို့က သေချာလေ့ကျင့်ထားပါတယ်။ ဖွင့်ပွဲအခမ်းအနားမှာ တီးခတ်သွားတဲ့  တိုင်းရင်းသားပေါင်းစုံ  သံစုံတီးဝိုင်းတီးခတ်တာ အလွန်အံ့ဩဖွယ် ကောင်းပါတယ်။ ဒီလိုမျိုးတူရိယာတွေကို တစုတစည်းတည်း ပေါင်းစပ်တီးခတ်တယ်ဆိုတာ မလွယ်ကူတဲ့ကိစ္စပါ။ တီးလုံးတီးကွက်ကောင်း ကောင်းတစ်ပုဒ်တီးခတ်နိုင်တာ  တော်တော်အံ့ဩဖို့ ကောင်းပါတယ်။  နိုင်ငံတော်ဝန်ကြီးချုပ် ပြောသွားတဲ့   မိန့်ခွန်းထဲမှာ  တိုင်းရင်းသားတွေမှာရှိတဲ့    ရိုးရာယဉ်ကျေးမှုကို မပျက်အောင် ထိန်းသိမ်းရမယ်။     ရိုးရာယဉ်ကျေးမှုတွေကို မပျောက်ပျက်အောင် ဆက်လက်တည်တံ့ပြီး ထိန်းသိမ်းရမယ်ဆိုတဲ့ တာဝန်ကလည်း  ကျွန်မတို့အပေါ်မှာပဲ တာဝန်ရှိတယ်။ ကျွန်မတို့ထိန်းသိမ်းမှသာ ကျွန်မတို့ရိုးရာယဉ်ကျေးမှု အမွေအနှစ်တွေက ဆက်လက်တည်ရှိနေမယ်ဆိုတဲ့ စကားကိုတော့ မှတ်သားမိပါတယ်ရှင့်။

Dates: 
Tuesday, October 15, 2024 - 07:08