သိပ္ပံပညာရှင်များက အပူဒဏ်ခံ သန္တာကောင်များကို မွေးမြူနိုင်
သိပ္ပံပညာရှင်များက အပူဒဏ်ကြောင့် သန္တာကျောက်တန်းများ ပျက်စီးမှုကို ကာကွယ်နိုင်ရေး အတွက် အပူဒဏ်ခံနိုင်ရည်ရှိသည့် သန္တာကောင်များကို အောင်မြင်စွာ မွေးမြူလိုက်နိုင်ပါတယ်။
ဒါဟာ ကမ္ဘာ့ပထမဆုံးဖြစ်ပြီး သန္တာကျောက်တန်းများကို ကာကွယ်ဖို့အတွက် သိသာထင်ရှားတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်လာပါပြီ။ အခုလိုမျိုး အပူဒဏ်ခံနိုင်တဲ့သန္တာ ကောင်တွေကို နယူးကာဆယ်တက္ကသိုလ်ရဲ့ Coralassist ဓာတ်ခွဲခန်းကနေ ဖန်တီး လိုက်တာပါ။
အခုလိုမျိုးဖန်တီးမှုတွေ လုပ်နိုင်ပြီဖြစ်ပေမယ့်လည်း သန္တာကောင်အရေအတွက် အများအပြား ရရှိဖို့ကတော့ နောက်ထပ် သုတေသနတွေ ဆက်လုပ်ရဦးမယ်လို့ သိပ္ပံ ပညာရှင်များက ဆိုပါတယ်။
သန္တာကျောက်တန်းတွေဆိုတာ အဏ္ဏဝါ ဂေဟစနစ်အတွက် အလွန်ကိုအရေးပါတဲ့ အရာတွေပါ။ အခုအချိန်မှာတော့ ပင်လယ်ရေများ ပိုမိုပူနွေးလာတဲ့အတွက် သန္တာ ကျောက်တန်းတွေကလည်း အရောင်တွေ ကျွတ်ပြီး ပျက်စီးမှုတွေ ဖြစ်လာပါတယ်။ ပညာရှင်တွေက အခုလိုဖန်တီးနိုင်တယ် ဆိုပေမယ့် ကမ္ဘာ့အပူချိန် လျော့ကျရေးကသာ အရေးအကြီးဆုံးပါ။