အစ္စရေးတင့်များက ကုလငြိမ်းချမ်းရေး ထိန်းသိမ်းမှုစခန်းကို အတင်းဝင်ရောက်
အစ္စရေးတင့်များသည် အောက်တိုဘာလ ၁၃ ရက်တွင် လက်ဘနွန်ရှိ ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေးထိန်းသိမ်းမှု စခန်းကို အတင်း ဝင်ရောက်လာကြောင်းနှင့် ထိုသို့ဝင်လာမှု သည် ကုလသမဂ္ဂတပ်ဖွဲ့အပေါ် အစ္စရေး၏ စော်ကားမှုဖြစ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။
သို့သော် ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင်များသည် ဟစ်ဇဘို လာများအတွက် လူသားတံတိုင်းများကဲ့သို့ ဖြစ်နေကြောင်းနှင့် ထိုတပ်ဖွဲ့များ ဆုတ်ခွာရန် တောင်းဆိုကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု က ပြောထားသည်။
အစ္စရေး၏ Merkava တင့်နှစ်စီးသည် ကုလသမဂ္ဂတပ်ဖွဲ့ အခြေစိုက်ရာ စခန်းဝင်ပေါက်ကို ဖျက်ဆီးပြီး အတင်းဝင်ရောက် လာခြင်းဖြစ်ကြောင်း၊ တင့်များထွက်ခွာ သွားပြီးနောက် စခန်းမှမီတာ ၁၀၀ အကွာ သို့ မီးခိုးဗုံးများ ကျရောက်ပေါက်ကွဲသည့် အတွက် စခန်းရှိစစ်သည်များ နာမကျန်း ဖြစ်ရကြောင်း ကုလသမဂ္ဂ အဖွဲ့ကပြောသည်။
သို့သော် ဟစ်ဇဘိုလာများနှင့်တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေစဉ် အစ္စရေးက ၎င်းတို့၏တပ်ဖွဲ့ဝင်များကို မီးခိုးမှိုင်းကာချပြီး ကယ်ထုတ်ရန်ကြိုးပမ်းခြင်းသာဖြစ် ကြောင်းနှင့် ကုလသမဂ္ဂတပ်ဖွဲ့ဝင်များကို ထိခိုက်စေခြင်းမရှိကြောင်း အစ္စရေးဘက် ကထုတ်ပြန်ထားသည်။ တစ်ဖက်တွင် ဟစ်ဇဘိုလာတို့က ၎င်းတို့အနေဖြင့် ထိုတပ်ဖွဲ့ ကို လူသားတံတိုင်းအဖြစ် အသုံးချနေခြင်း မရှိကြောင်း ထုတ်ပြန်ထားသည်ဟု သိရသည်။