မန္တလေးတိုင်းဒေသကြီး မြစ်ငယ်မြို့နယ် လူစီးတွဲနှင့် ကုန်တွဲစက်ရုံ(မြစ်ငယ်) စက်ရုံနယ်မြေအတွင်း သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွား

 

မန္တလေးတိုင်းဒေသကြီး မြစ်ငယ်မြို့နယ် လူစီးတွဲနှင့် ကုန်တွဲစက်ရုံ(မြစ်ငယ်) စက်ရုံနယ်မြေအတွင်း သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွား

 

နေပြည်တော် အောက်တိုဘာ ၁၅

     မန္တလေးတိုင်းဒေသကြီး   အမရပူရ မြို့နယ်   မြန်မာ့မီးရထား   လူစီးတွဲနှင့် ကုန်တွဲစက်ရုံ(မြစ်ငယ်) စက်ရုံနယ်မြေ အောင်သပြေရပ်ကွက်ရှိ “စစ်ပြန်ကြီး” စားသောက်ဆိုင်သို့ အကြမ်းဖက်သမား နှစ်ဦး   ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ဆိုင်အတွင်းစားသောက်နေသော မြစ်ငယ်မြို့ သီတာရပ်ကွက်ရှိ    ဘူတာဝန်ထမ်း အိမ်ရာတွင်နေထိုင်သည့် ဝန်ထမ်းမိသားစုဖြစ်သူ ဦးဌေးလှိုင်ထွန်းကို   အောက်တိုဘာလ ၁၃ ရက် မွန်းလွဲ   ၂ နာရီ ၄၅ မိနစ်တွင် သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

အဆိုပါ ပစ်ခတ်မှုကြောင့် ကျည်ဆန်သည် ဦးဌေးလှိုင်ထွန်း၏ ပါးစပ်မှဖောက်ဝင်ပြီး လည်ပင်းမှ ပေါက်ထွက်ဒဏ်ရာ (မစိုးရိမ်ရ)ရရှိခဲ့ပြီး ဖောက်ထွက်သွားကာ အနီးရှိထိုင်နေသည့်   အရပ်သား  ဦးမင်းအောင်၏ ညာဘက်ရင်အုံသို့ ဆက်လက် ဖောက်ဝင်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ပြီး  ဒဏ်ရာရရှိခဲ့သူ နှစ်ဦးအား ရဲဆေးစာဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့   ပို့ဆောင်ကုသလျက်ရှိကြောင်း  သတင်းရရှိသည်။

Dates: 
Wednesday, October 16, 2024 - 13:55