မျိုးရိုးဗီဇနှစ်မျိုးကြောင့် အမျိုးသမီးများတွင် အယ်ဇိုင်းမား အဖြစ်များ
မျိုးရိုးဗီဇမျိုးကွဲနှစ်မျိုးဖြစ်တဲ့ APOE4 နဲ့ TREM2 R47H ကြောင့် အမျိုးသမီးတွေမှာ အယ်ဇိုင်းမားရောဂါဖြစ်ပွားမှုပိုမိုများ ပြားရတာဖြစ်တယ်လို့ ပညာရှင်များက တွေ့ရှိထားပါတယ်။
အဓိကအားဖြင့် အဲဒီမျိုးရိုးဗီဇမျိုးကွဲ နှစ်မျိုးက အမျိုးသမီးများမှာ ဦးနှောက်ရဲ့ ကိုယ်ခံအားကလာပ်စည်းတွေကို ရောင်ရမ်းစေတာကြောင့် အယ်ဇိုင်းမားရောဂါ ဖြစ်ရတာဖြစ်တယ်လို့ Weill Cornell Medicine မှ သုတေသီများက တွေ့ရှိထားတာပါ။
အခုလိုမျိုးတွေ့ရှိမှုကြောင့်လည်း ကုသမှုပေးရာမှာ အမျိုးသား၊ အမျိုးသမီးကို ခွဲခြားပြီး ကုထုံးတစ်မျိုးစီနဲ့ ကုသမှုပေးသင့်တယ်ဆိုတဲ့ တွေ့ရှိချက်တစ်ခုကိုလည်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ကမ္ဘာမှာအယ်ဇိုင်းမား ရောဂါဖြစ်သူ သန်းနဲ့ချီရှိပြီး အမျိုးသမီး များက ပိုများပါတယ်။
Dates:
Wednesday, October 16, 2024 - 14:08