ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် အတွင်းရှိ ကျောင်းဆရာ၊ ဆရာမများအား ၂ဝ၂ဝ-၂ဝ၂၁ ပညာသင်နှစ် မြို့နယ်အဆင့် Grade-4 သင်ရိုးသစ်(နောက်ဆက်တွဲ)သင်တန်းကို သြဂုတ် ၁၃ ရက်နံနက်ပိုင်းတွင် လှိုင်းဘွဲ့မြို့ အမှတ်(၁) အခြေခံပညာ မူလတန်းကျောင်း၊ အမှတ်(၃)အခြေခံပညာ မူလတန်းလွန်ကျောင်း၊ နောင်ဘိုကြီး အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တို့၌ ဖွင့်လှစ် သင်ကြားပေးကြောင်း သိရသည်။
အဆိုပါ Grade-4 သင်ရိုးသစ်(နောက်ဆက်တွဲ) သင်တန်းကို သင်တန်းသားများ အတွက် လက်ဆေးကန်များ ထားရှိပေးခြင်း၊ နှာခေါင်းစည်းများ တပ်ဆင်စေခြင်းများအပြင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့် အညီ ဆောင်ရွက်ထားလျက် ရှိရာ သင်တန်းနည်းပြ/ကြီးကြပ် ၄၆ ဦး၊ သင်တန်းသား၊ သင်တန်းသူ ၂၈၉ ဦးတို့ကို ရက်သတ္တတစ်ပတ်ကြာ သင်ကြားပို့ချပေးမည် ဖြစ်ကြောင်း သိရသည်။