MFF Royal-D U-19 Futsal Championship ပြိုင်ပွဲ အုပ်စုပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်ကစား
ရန်ကုန် အောက်တိုဘာ ၁၆
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့်သဲသောင်ပြင်ကော်မတီက ကြီးမှူးကျင်းပလျက်ရှိသည့် MFF Royal-D U-19 Futsal Championship ပြိုင်ပွဲအုပ်စုပွဲစဉ်များကို ယနေ့နံနက် ၉ နာရီခွဲမှစတင်ပြီး ရန်ကုန်မြို့ MFF Futsal Stadium ၌ ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
MFF Royal-D U-19 Futsal Championship ပြိုင်ပွဲ အုပ်စုပွဲစဉ်များအဖြစ် ယနေ့နံနက် ၉ နာရီခွဲတွင် Team Greatest FC အသင်းနှင့် 16/1 FC အသင်းတို့ကစားခဲ့ရာ 16/1 FC အသင်းက သုံးဂိုး ဂိုးမရှိဖြင့်လည်း ကောင်း၊ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် Golden Heart FC အသင်းနှင့် Blaze Titans FC အသင်းတို့ကစားခဲ့ရာ Golden Heart FC အသင်းက ၁၁ ဂိုး ၁ ဂိုးဖြင့်လည်းကောင်း၊ မွန်းတည့် ၁၂ နာရီတွင် Naka United အသင်းနှင့် Shwe Pyi Thar အသင်းတို့ကစားခဲ့ရာ Naka United အသင်းက ၂ ဂိုး ၁ ဂိုးဖြင့် လည်းကောင်းအသီးသီးအနိုင်ရရှိခဲ့သည်။
အလားတူ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် Special One FC အသင်းနှင့် Yangon Futsal အသင်းတို့ ကစားခဲ့ရာ Yangon Futsal အသင်းက ၁၂ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ မွန်းလွဲ ၂ နာရီခွဲတွင် Focus FC အသင်းနှင့် Hinthar FC အသင်းတို့ကစားခဲ့ရာ Hinthar FC အသင်းက ရှစ်ဂိုး ဂိုးမရှိဖြင့်လည်းကောင်း အသီးသီးအနိုင်ရရှိခဲ့ကြသည်။
MFF Royal-D U-19 Futsal Championship ပြိုင်ပွဲ အုပ်စုပွဲစဉ်များအဖြစ် အောက်တိုဘာလ ၁၇ ရက်(ယနေ့)နံနက် ၉ နာရီခွဲတွင် Gold Dream FC အသင်းနှင့် YCDC Marga FC အသင်း၊ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် Rule Brakers FC အသင်းနှင့် Jullniss FC အသင်း၊ မွန်းတည့် ၁၂ နာရီတွင် Shadow FC အသင်းနှင့် Mahar United အသင်း၊ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် Ingenious Boy FC အသင်းနှင့် Knight အသင်း၊ မွန်းလွဲ ၂ နာရီခွဲတွင် D.Aung Paing FC အသင်းနှင့် King Cobra အသင်းတို့ ဆက်လက် ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
စည်သူအောင်