တရားမဝင်သစ်မျိုးစုံ၊ ရေနံစိမ်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ
နေပြည်တော် အောက်တိုဘာ ၁၆
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှု ဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့် အညီ ထိရောက်စွာတားဆီးအရေးယူနိုင် ရေးဆောင်ရွက်လျက်ရှိရာ အကောက်ခွန် ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင် ရွက်ခဲ့သည်။
အောက်တိုဘာလ ၁၄ ရက်တွင် ရွာသာ ကြီး Dry Port ၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်(၂)စီး ပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက် အထားတင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်း သုံးပစ္စည်း(၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၁၂၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာ သည့် Mitsubishi Fuso Truck (၂)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၈၀၀၀၀၀၀)ကိုလည်းကောင်း၊ အောက် တိုဘာလ ၁၅ ရက်တွင် သီလဝါဆိပ်ကမ်း၌ ကုန်သေတ္တာ(၇)လုံးအတွင်းမှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း(၁)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၄၆၀၈၀၃၅)ကိုလည်းကောင်း၊ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ (၁၃)လုံးအတွင်းမှ တရားဝင် စာရွက်စာတမ်း အထောက်အထားတင်ပြ နိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း(၅)မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၂၇၃၂၁၀၆၁)ကို လည်းကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၄၁၁၂၉၀၉၆)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် အောက်တိုဘာလ ၁၅ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ် မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေး မှုများဆောင်ရွက်ခဲ့ရာ ချောက်မြို့ အမှတ်(၄) လွတ်လပ်ရေးရပ်ကွက်၌ မော်တော်ယာဉ် (၁)စီးပေါ်မှ တရားမဝင်ရေနံစိမ်း(၂၇၀)ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၄၅၀၀၀)နှင့် အဆိုပါ ရေနံစိမ်းများ တင်ဆောင်လာသည့် Light Truck မော်တော်ယာဉ် (၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀၀၀၀၀၀၀)ကို ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေး အက်ဥပဒေအရလည်းကောင်း၊ မကွေးခရိုင်၊ သရက်ခရိုင်၊ ပခုက္ကူခရိုင်နှင့် ဂန့်ဂေါခရိုင်တို့အတွင်း၌ လိုင်စင်မဲ့မော်တော် ယာဉ်(၂)စီးနှင့် မော်တော်ဆိုင်ကယ်(၁၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၂၀၀၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ သရက်ခရိုင်နှင့် မင်းဘူးခရိုင်တို့အတွင်း၌ တရားမဝင်မီးသွေး (၆ ဒသမ ၃၄)တန်၊ အခြားသစ် (သုည ဒသမ ၈၁၃)တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၀၄၁၆၀)ကို သစ်တော ဥပဒေ အရလည်းကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၆၃၄၉၁၆၀)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့အတူ မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှု များဆောင်ရွက်ခဲ့ရာ မော်လမြိုင်မြို့ စျေးကြို ရပ်ကွက်နှင့် မြေနီကုန်း ကားကြီးဝင်းတို့၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက် ကုန် ပစ္စည်း(၁၆)မျိုး၊ လူသုံးကုန်ပစ္စည်း(၁)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၆၆၇၇၅၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်ထားသည့် Scania Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၀၀၀၀၀၀)ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ ရေးမြို့နယ်၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀၀၀၀၀)ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်း တန်ဖိုးငွေကျပ် ၅၃၇၆၇၇၅၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ ၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ (၃၈၆)မိုင်၌ မော်တော် ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံး ပစ္စည်း(၁၃)မျိုး၊ လူသုံးကုန်ပစ္စည်း (၅)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၁၈၈၀၇၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Caravan Mini Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀၀)ကိုလည်း ကောင်း၊ ပြင်ဦးလွင်-မန္တလေးလမ်း၊ (၂၁)မိုင်၌ ရပ်တန့်ထားသော မော်တော် ယာဉ်(၃)စီး ပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက် အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံး ကုန် ပစ္စည်း(၁၃)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၁၀၇၀၅၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Hiace (၂)စီးနှင့် Mitsubishi Pajero (၁)စီး(ခန့်မှန်းတန်ဖိုး ငွေကျပ် ၉၄၀၀၀၀၀၀)ကို လည်း ကောင်း၊ စဉ့်ကိုင်မြို့နယ် ပေါ်တော်မူဘုရားအနီး၌ မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လုပ်ငန်းသုံးပစ္စည်း(၈)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၉၃၄၄) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Canter Truck (၁)စီး(ခန့်မှန်း တန်ဖိုးငွေကျပ် ၂၈၀၀၀၀၀၀)ကိုလည်း ကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၄၂၆၇၉၁၄)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက် ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် ပဲခူးတိုင်းဒေသကြီးတရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အောက်တို ဘာလ ၁၅ ရက်တွင် ညောင်ခါးရှည် X-Ray စက်စစ်ဆေးရေးဂိတ်၌ သာမညမှ ရန်ကုန်မြို့သို့မောင်းနှင်လာသည့် မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန်ပစ္စည်း(၂)မျိုး (ခန့်မှန်း တန်ဖိုး ငွေကျပ် ၂၁၂၀၀၀၀)၊ အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mahar New Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀) နှင့် ဒိုက်ဦးမြို့နယ်အတွင်းရှိ ဆေးဆိုင်များ ၌ တရားဝင် စာရွက်စာတမ်းအထောက် အထား တင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန် ပစ္စည်း(၁)မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၆၁၁၅၀၀)တို့ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ အောက်တို ဘာလ ၁၆ ရက်တွင် ပဲခူးခရိုင်နှင့် တောင်ငူ ခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ် (သုည ဒသမ ၉၇၀) တန်၊ အခြားသစ် (၁ ဒသမ ၄၂၁) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၄၇၄၁၁)ကို သစ်တော ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၄၇၇၈၉၁၁)ကို ဖမ်းဆီး အရေးယူ ဆောင်ရွက်လျက်ရှိ သည်။
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၄ ရက်၊ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၄၈)မှု၊ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၄၀၄၂၀၂၅၈၁) ဖမ်းဆီးရမိခဲ့သည်။
ယနေ့ဖမ်းဆီးရမိမှုများတွင် ဆောက်လုပ် ရေးသုံးပစ္စည်းများနှင့် လုပ်ငန်းသုံးပစ္စည်းများ တရားမဝင် တင်သွင်းလာမှု တွေ့ရှိရ၍ အရည်အသွေးပြည့်မီခြင်းမရှိသည့် ပစ္စည်းများကြောင့် သက်ဆိုင်ရာ အဆောက် အအုံများတွင် နေထိုင်သူပြည်သူများအတွက် ဘေးအန္တရာယ်ကြုံတွေ့ရနိုင်ခြင်းနှင့် မီးဘေး အန္တရာယ်ဆိုင်ရာ ထိခိုက်မှုများ ဖြစ်ပေါ်စေ နိုင်ပါသည်။ သို့ဖြစ်၍ ၎င်းတရားမဝင် တင်သွင်းမှုများအား သက်ဆိုင်ရာ တာဝန်ရှိသူများမှ ယခုထက်ပိုမို၍ တားဆီး စစ်ဆေးကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
(သတင်းစဉ်)