MFF Royal-D U-19 Futsal Championship ပြိုင်ပွဲအုပ်စု နောက်ဆုံးပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်ကစား

 

MFF Royal-D U-19 Futsal Championship ပြိုင်ပွဲအုပ်စု နောက်ဆုံးပွဲစဉ်များ ဆက်လက်ယှဉ်ပြိုင်ကစား

 

ရန်ကုန်  အောက်တိုဘာ  ၁၇

    မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီက ကြီးမှူးကျင်းပ လျက်ရှိသည့် MFF Royal-D U-19 Futsal Championship ပြိုင်ပွဲ အုပ်စုနောက်ဆုံး ပွဲစဉ်များကို ယနေ့နံနက် ၉ နာရီခွဲမှစတင်ပြီး ရန်ကုန်မြို့   MFF Futsal Stadium ၌ ဆက်လက်ကျင်းပခဲ့ကြောင်း  သိရသည်။ 

MFF Royal-D U-19 Futsal Champion-ship ပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်များအဖြစ်  အောက်တိုဘာလ ၁၇ ရက်  နံနက် ၉ နာရီခွဲ တွင် Gold Dream FC အသင်းနှင့် YCDC Marga FC အသင်းတို့ကစားခဲ့ရာ YCDC Marga FC အသင်းက ၄ ဂိုး ၃ ဂိုးဖြင့်လည်း ကောင်း၊  နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် Rule Breakers FC အသင်းနှင့် Jullniss FC အသင်းတို့ကစားခဲ့ရာ Rule Breakers FC အသင်းက ၅ ဂိုး ၃ ဂိုးဖြင့်လည်းကောင်း၊  မွန်းတည့် ၁၂ နာရီတွင်  Shadow FC အသင်းနှင့် Mahar United အသင်းတို့ ကစားခဲ့ရာ  Shadow FC အသင်းက ၈ ဂိုး၅ ဂိုးဖြင့်လည်းကောင်း     အသီးသီး အနိုင်ရရှိခဲ့ကြသည်။

ဆက်လက်ပြီး အလားတူ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် Ingenious Boy FC အသင်း နှင့် Knight အသင်းတို့ကစားခဲ့ရာ Knight အသင်းက ၆ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး မွန်းလွဲ ၂နာရီခွဲတွင်  D.Aung Paing FC အသင်းနှင့်     King Cobra အသင်းတို့ကစားခဲ့ရာ ဂိုးမရှိသရေရလဒ် ထွက်ပေါ်ခဲ့သည်။

အဆိုပါပြိုင်ပွဲ  အုပ်စုပွဲစဉ်အပြီးတွင် အုပ်စု (A)၌ Insein City FC အသင်းနှင့် The Underdog FC အသင်း၊ အုပ်စု(B)၌ Bushido Youth အသင်းနှင့် Generations Youth အသင်း၊ အုပ်စု (C)၌ Red Eagle FC  အသင်း နှင့် 16/1 Youth အသင်း၊ အုပ်စု(D)၌ Golden Heart FC အသင်းနှင့် Noka United အသင်း၊ အုပ်စု(E)၌     Hinthar FC  အသင်းနှင့် Yangon Futsal အသင်း၊ အုပ်စု(F)၌ YCDC Marga FC အသင်းနှင့် Gold Dream FC အသင်း၊ အုပ်စု (G) ၌ Shadows FC အသင်း နှင့် Mahar United FC အသင်း၊ အုပ်စု(H)၌ King Cobra FC အသင်းနှင့် D. Aung Paing FC အသင်းတို့က ရှုံးထွက်အဆင့်တက်ရောက်နိုင်ခဲ့ကြပြီး ရှုံးထွက်အဆင့်မဲခွဲမှုကို အောက်တိုဘာလ ၁၈ ရက်(ယနေ့)တွင်  ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Dates: 
Friday, October 18, 2024 - 16:16