မန်ယူအသင်းကွင်းလယ်ကစားသမား အူဂါတေး ဒဏ်ရာကြောင့် ဘရန့်ဖို့ဒ်အသင်းနှင့် ကစားမည့်ပွဲစဉ်ကို လွဲချော်မည်
မန်ချက်စတာ အောက်တိုဘာ ၁၇
မန်ယူအသင်းကွင်းလယ်ကစားသမား အူဂါတေး သည် ပေါင်ကြွက်သားဒဏ်ရာကြောင့် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ်ကစားမည့် ဘရန့်ဖို့ဒ်အသင်းနှင့် မန်ယူ အသင်းတို့ပွဲစဉ်ကို လွဲချော်မည်ဖြစ်ကြောင်း သိရသည်။
အူဂါတေးသည် ကမ္ဘာ့ဖလားခြေစစ်ပွဲ တောင်အမေ ရိကဇုန်အဖြစ် ဥရုဂွေးအသင်းနှင့်အီကွေဒေါအသင်းတို့ကစားသည့်ပွဲစဉ်တွင် ပေါင်ကြွက်သားဒဏ်ရာ ရရှိပြီးနောက် ဆက်လက်ကစားနိုင်ခြင်း မရှိသည့်အတွက် ကွင်းအတွင်းမှ လူစားလဲ ထွက်ခွာခဲ့ရသည်။
အူဂါတေးအနေဖြင့် ပေါင်ကြွက်သားဒဏ်ရာမှာ ပြင်းထန်မှုမရှိသော်လည်း ကြံ့ခိုင်မှုပြည့်ဝရန် အနားယူရမည့် အခြေအနေများကြောင့် ဘရန့်ဖို့ဒ်အသင်းနှင့် ပွဲစဉ်ကို လွဲချော်ရမည်ဖြစ်သည်။
အူဂါတေးသည် ပြီးခဲ့သည့်နွေရာသီကစားသမား အပြောင်းအရွှေ့ကာလက ပီအက်စ်ဂျီအသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့စဉ်ကလည်း ဒူးဒဏ်ရာကြောင့် ရာသီအစပိုင်းပွဲစဉ်များကို လွဲချော်ခဲ့ပြီး ပြီးခဲ့သည့် စက်တင်ဘာလက စတင်ပါဝင် ကစားနိုင်ခဲ့သော်လည်း လက်ရှိတွင် ဒဏ်ရာကြောင့် ထပ်မံအနားယူရမည် ဖြစ်သည်။
မန်ယူအသင်းကွင်းလယ်ပိုင်းတွင် အူဂါတေးအပြင် အဓိကကစားသမားများဖြစ်သည့် ကိုဘီမိုင်နူးနှင့် မေဆင်မောင့်တို့လည်း ဒဏ်ရာကြောင့် အနားယူနေရကြောင်း သိရသည်။