ရီးယဲလ်မက်ဒရစ်အသင်း သမိုင်းတစ်လျှောက် အသက်အကြီးဆုံး ကစားသမားအဖြစ် ပွတ်ရှ်ကတ်တင်ထားသည့်စံချိန်ကို မိုဒရစ်ကျော်ဖြတ်နိုင်ရန် နီးစပ်နေ
မက်ဒရစ် အောက်တိုဘာ ၁၇
ရီးယဲလ်မက်ဒရစ်အသင်း ဝါရင့်ကွင်းလယ်ကစားသမား မိုဒရစ်သည် အသင်းသမိုင်း တစ်လျှောက် စပိန် လာလီဂါပြိုင်ပွဲတွင် အသက်အကြီးဆုံးကစားသမား အဖြစ် စံချိန်တင်ထားသည့် ပွတ်ရှ်ကတ်၏စံချိန်ကို ကျော်ဖြတ်နိုင်ရန် နီးစပ်နေကြောင်း သိရသည်။
ရီးယဲလ်မက်ဒရစ်အသင်းသမိုင်းတစ်လျှောက် စပိန်လာလီဂါပြိုင်ပွဲတွင် အသက်အကြီးဆုံး ကစားသမားအဖြစ် ဂန္ထဝင်ကစားသမား တစ်ဦးဖြစ်သည့် ပွတ်ရှ်ကတ်က ၁၉၆၆ ခုနှစ်က စံချိန်တင်ထားခဲ့ ခြင်းဖြစ်ပြီး ယခုအခါ မိုဒရစ်က ပွတ်ရှ်ကတ်တင်ထား ခဲ့သည့်စံချိန်ကိုကျော်ဖြတ်ကာ အသင်းသမိုင်းတစ်လျှောက် စပိန်လာလီဂါပြိုင်ပွဲတွင် အသက် အကြီးဆုံး ကစားသမားအဖြစ် စံချိန်တင်နိုင်ရန်နီးစပ် နေခြင်းဖြစ်သည်။
ရီးယဲလ်မက်ဒရစ်အသင်း သမိုင်းတစ်လျှောက် စပိန်လာလီဂါပြိုင်ပွဲတွင် အသက်အကြီးဆုံးကစား သမားအဖြစ် ၁၉၆၆ ခုနှစ်က ပွတ်ရှ်ကတ်က အသက် ၃၉ နှစ်နှင့် ၃၆ ရက်ဖြင့်စံချိန်တင် ထားခဲ့ခြင်းဖြစ်ပြီး ယခုအခါ မိုဒရစ်သည် အောက်တိုဘာလ ၂၀ ရက်တွင် စပိန်လာလီဂါပွဲစဉ်အဖြစ် ကစားမည့် ဆယ်လ်တာဗီဂို အသင်းနှင့် ရီးယဲလ်မက်ဒရစ်အသင်းတို့ ပွဲစဉ်တွင် ပါဝင်ကစားခဲ့ပါက ရီးယဲလ်မက်ဒရစ်အသင်း သမိုင်းတစ်လျှောက် စပိန်လာလီဂါပြိုင်ပွဲတွင် အသက်အကြီးဆုံးကစားသမား ဖြစ်လာမည်ဖြစ်သည်။
မိုဒရစ်သည် လာမည့်ဆယ်လ်တာဗီဂိုအသင်းနှင့် ရီးယဲလ်မက်ဒရစ်အသင်းတို့ပွဲစဉ်တွင် ပါဝင်ကစားခဲ့လျှင် ၎င်း၏အသက်မှာ ၃၉ နှစ်နှင့် ရက် ၄၀ ဖြစ်သည့် အတွက် ပွတ်ရှ်ကတ်၏ အသက် ၃၉ နှစ်နှင့် ၃၆ ရက် စံချိန်ကိုကျော်ဖြတ်ပြီး အသင်းသမိုင်း တစ်လျှောက် စပိန်လာလီဂါပြိုင်ပွဲတွင် အသက်အကြီးဆုံးကစား သမားဖြစ်လာမည်ဖြစ်သည်။
မိုဒရစ်သည် ၂၀၁၂ ခုနှစ်က စပါးအသင်းမှ ရီးယဲလ် မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး အသင်းနှင့်အတူ ဘောလုံးရာသီတိုင်းတွင် အကောင်း ဆုံးခြေစွမ်းပြ ကစားနိုင်ကာ လက်ရှိအချိန်ထိ အသင်းတွင် အရေးပါသည့် ကစားသမားအဖြစ် ရပ်တည် လျက်ရှိပြီး ယခုဘောလုံးရာသီတွင်လည်း အသင်း နှင့်အတူ စပိန်လာလီဂါ ကိုးပွဲပါဝင်ကစားခဲ့ကာ ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်ပေးထားကြောင်း သိရသည်။