ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၆/၂၀၂၄)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား ဂုဏ်ပြုကြိုဆို
နေပြည်တော်၊ ၂၀၂၄ အောက်တိုဘာလ - ၁၈
ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၆/၂၀၂၄)သို့ တက်ရောက်ရန် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ နယ်မြေခံသင်တန်းကျောင်းသို့ ရောက်ရှိလာ သည့် ရှမ်းပြည်နယ်အတွင်းရှိ နိုင်ငံ့သားကောင်းရတနာများအား ယနေ့နံနက်ပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး ကျော်နိုင်စိုးနှင့် တာဝန်ရှိ သူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။
ထို့နောက် ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက နိုင်ငံ့သားကောင်းရတနာ များအား လိုအပ်သည့် စုဖွဲ့ပြင်ဆင်မှုများ၊ အုပ်ချုပ်မှုကိစ္စများ ဆောင်ရွက်ပေးနေမှု များကို ကြည့်ရှုအားပေးပြီး ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိ သည်။
Dates:
Friday, October 18, 2024 - 19:30