နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ၏ ဗုဒ္ဓဝင်ဆယ်ဘွဲ့လာ မဟာဇနကဇာတ်တော်ကြီးပြိုင်ပွဲသို့ တက်ရောက်ကြည့်ရှုအားပေး
နေပြည်တာ် အောက်တိုဘာ ၁၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ် တို့သည် ယနေ့ညပိုင်းတွင် နေပြည် တော် စည်ပင်သာယာ ရေးကော်မတီရှိ လဟာပြင်ဇာတ်ရုံ၌ ကျင်းပလျက်ရှိသည့် ၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက်ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၏ ဗုဒ္ဓဝင်ဆယ်ဘွဲ့လာ “မဟာဇနက” ဇာတ်တော်ကြီးပြိုင်ပွဲသို့ တက်ရောက် ကြည့်ရှုအားပေးသည်။
အဆိုပါပြိုင်ပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်နှင့်ဇနီးတို့နှင့်အတူ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ အကဲဖြတ်ဒိုင်အဖွဲ့ဝင်များ၊ ကြီးကြပ်အုပ်ချုပ်သူများ၊ နည်းပြများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်တိုင်းရင်းသားညီအကို မောင် နှမများ၊ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် သဘင်ကိုချစ်မြတ်နိုးကြသည့် မိဘ ပြည်သူများတက်ရောက် ကြည့်ရှုအားပေးကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်ဇနီး နှင့်အဖွဲ့ဝင်တို့သည် ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု “ ရွှေရန်ကုန်တိုင်း ဇာတ်အလှ သဘင်” ဇာတ်တော်ကြီးအဖွဲ့က မူရင်းမဟာဇနကဇာတ်တော်ကြီး တီးလုံးတီးချက် အကအလှများနှင့်အတူ မြန်မာ့ဇာတ်သဘင်ဇာတ်စာ၊ ဇာတ်စကား၊ ဆို၊ ငို၊ ပြော ပညာရပ်များနှင့်ပေါင်းစပ်၍ ယှဉ်ပြိုင်ကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးကြသည်။
ယှဉ်ပြိုင်မှုအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်နှင့်ဇနီးတို့သည် အကဲဖြတ်ဆောင်ရွက်ပေးနေသည့် အကဲဖြတ်ပညာရှင်များ နှင့် ပြိုင်ပွဲဝင်များအားရင်းရင်းနှီးနှီးနှုတ်ဆက်ကြသည်။
၂၀၂၄ခုနှစ်၊ (၂၅)ကြိမ် မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၏ “မဟာဇနက” ဇာတ်တော်ကြီးပြိုင်ပွဲကို အောက်တိုဘာ ၁၄ ရက်က ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု “မဟာဧရာ” ဇာတ်တော် ကြီးအဖွဲ့ကလည်းကောင်း၊ အောက်တိုဘာ ၁၅ ရက်တွင် မကွေးတိုင်းဒေသကြီး ကိုယ်စားပြု “ဖန်ခါးမြေ” ဇာတ်တော်ကြီးအဖွဲ့က လည်းကောင်း၊ အောက်တိုဘာ ၁၆ ရက်တွင် မွန်ပြည်နယ် ကိုယ်စားပြု “မင်းနိုင်စိုး” ဇာတ်တော်ကြီးအဖွဲ့ကလည်းကောင်း၊ အောက်တို ဘာ ၁၇ ရက်တွင် မန္တလေးတိုင်းဒေသကြီးကိုယ်စားပြု “မန်းမြို့ဂုဏ်ရည်” ဇာတ်တော်ကြီး အဖွဲ့ကလည်းကောင်း ယနေ့တွင် ရန်ကုန် တိုင်းဒေသကြီးကိုယ်စားပြု “ ရွှေရန်ကုန်တိုင်း ဇာတ်အလှသဘင်” ဇာတ်တော်ကြီးအဖွဲ့တို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အောက်တိုဘာ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် ပဲခူးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးတို့မှ သက်ဆိုင်ရာကိုယ်စားပြု ဇာတ်တော်ကြီးအဖွဲ့များက ဆက်လက်ပါဝင် ယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။