မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်း၊ ရှမ်းယူနိုက်တက်အသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့ အနိုင်ရရှိ
ရန်ကုန် အောက်တိုဘာ ၁၉
မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် မြန်မာ နေရှင်နယ်လိဂ်ကော်မတီက ကြီးမှူးကျင်းပလျက်ရှိသည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၁၂)ကို ယနေ့ညနေပိုင်းတွင် ယှဉ်ပြိုင် ကစားခဲ့ရာ ရန်ကုန်ယူနိုက်တက်အသင်း၊ ရှမ်းယူနိုက်တက်အသင်းနှင့် ဟံသာဝတီ ယူနိုက်တက်အသင်းတို့ အနိုင်ရရှိခဲ့ကြကြောင်း သိရသည်။
မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၁၂) ပွဲစဉ်များအဖြစ် ယနေ့ညနေ ၃ နာရီခွဲတွင် ရန်ကုန်မြို့ YUSC အားကစားကွင်း၌ ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဒဂုံပေါ့ အသင်းတို့ ကစားခဲ့ရာ ရန်ကုန်ယူနိုက်တက် အသင်းက ၅ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး ရန်ကုန်ယူနိုက်တက် အသင်းအတွက် သွင်းဂိုးများကို ရန်ကျော်ထွေး၊ ဒေးဗစ်ထန်း၊ ရန်နိုင်ဦး၊ ကောင်းစည်သူနှင့် အီစိုးတို့က သွင်းယူပေးနိုင်ခဲ့ပြီး ဒဂုံပေါ့အသင်းအတွက် သွင်းဂိုးကိုMogou က သွင်းယူပေးနိုင်ခဲ့ သည်။
အလားတူ ညနေ ၃ နာရီခွဲတွင် တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌ ရှမ်းယူနိုက်တက်အသင်းနှင့် ဧရာဝတီ ယူနိုက်တက်အသင်းတို့ ကစားခဲ့ရာ ရှမ်း ယူနိုက်တက်အသင်းက ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ရှမ်းယူနိုက်တက်အသင်း အတွက် သွင်းဂိုးများကို မက်ခ်ဆီကာနှင့် ရဲရင့်အောင်တို့က သွင်းယူပေးနိုင်ခဲ့သည်။
ဆက်လက်ပြီး ညနေ ၄ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်း၌ ဟံသာဝတီ ယူနိုက်တက်အသင်းနှင့် မဟာယူနိုက်တက်အသင်းတို့ ကစားခဲ့ရာ အပြန်အလှန်သွင်းဂိုး များဖြင့် ဟံသာဝတီယူနိုက်တက်အသင်း က ၃ ဂိုး ၂ ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။ ဟံသာ ဝတီယူနိုက်တက်အသင်းအတွက် သွင်းဂိုးများကို စိုးကျော်ကျော်၊ သန်းတိုးအောင်တို့ ကသွင်းယူပေးခဲ့ပြီး မဟာယူနိုက်တက် အသင်းအတွက် သွင်းဂိုးများကို ကောင်းမြတ်သူက သွင်းယူ ပေးနိုင်ခဲ့ကြောင်း သိရသည်။