၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား နယ်လှည့်ပြည်သူ့ဆက်ဆံရေးအဖွဲ့များက ဂုဏ်ပြုဖျော်ဖြေ

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား နယ်လှည့်ပြည်သူ့ဆက်ဆံရေးအဖွဲ့များက ဂုဏ်ပြုဖျော်ဖြေ

နေပြည်တော်၊ အောက်တိုဘာ -၂၀

တက္ကသိုလ်များတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ကျောင်းသူ များကို အခြေခံစစ်ပညာနှင့်တန်းမြင့်စစ်ပညာသင်တန်းများ သင်ကြားလေ့ကျင့်ပေး ခြင်းဖြင့် နိုင်ငံတော် ကာကွယ်ရေးဆိုင်ရာ အသိအမြင်များရရှိ၍ အနာဂတ်နိုင်ငံတော်၏ တာဝန်များ ထမ်းဆောင်သည့်အခါတွင် အထောက်အကူရရှိကာ နိုင်ငံချစ်စိတ်၊ မျိုးချစ် စိတ်များ ပိုမိုရင့်သန်လာစေရန်နှင့် ယုံကြည်ချက်၊ခံယူချက်မြင့်မားပြီး အရည်အချင်း ပြည့်ဝစေရန် ရည်ရွယ်ချက်ဖြင့် ကိုယ်တိုင်ဆန္ဒပြုသည့် တက္ကသိုလ်လေ့ကျင့်ရေး တပ်ဖွဲ့ဝင် ဆရာ၊ဆရာမများနှင့်ကျောင်းသားကျောင်းသူများကို ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)၊ ပြည်သူ့စစ်နှင့်နယ်ခြားတပ်များညွှန်ကြားရေးမှူးရုံး၏  တက္ကသိုလ် လေ့ကျင့်ရေးတပ်များမှလေ့ကျင့်ရေးသင်တန်းများ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိသည်။

ထိုသို့ ဖွင့်လှစ်သင်ကြားပေးနေသော နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်း ဒေသကြီးတို့ရှိ နယ်မြေခံ သင်တန်းကျောင်းများတွင် သင်တန်းတက်ရောက်နေသည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား အောက်တိုဘာ ၁၉ ရက် ညပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ နယ်လှည့် ပြည်သူ့ဆက်ဆံရေးအဖွဲ့များက သက်ဆိုင်ရာ သင်တန်းကျောင်းများသို့ သွားရောက်  ဂုဏ်ပြုသီဆိုဖျော်ဖြေကြရာ သင်တန်းသား၊ သင်တန်းသူများက ကြည်နူးချမ်းမြေ့စွာ ကြည့်ရှုအားပေးကြပြီး ပျော်ရွှင်စွာ အတူတကွပါဝင်သီဆိုခဲ့ကြ သည်။

Dates: 
Sunday, October 20, 2024 - 20:50