ရန်ကုန်ယူနိုက်တက်အသင်း ရာသီသစ်အတွက် လာမည့်နှစ်ဖေဖော်ဝါရီဒုတိယပတ်တွင် လေ့ကျင့်မှု စတင်ရန်စီစဉ်

ရန်ကုန်ယူနိုက်တက်   အသင်းသည် လာမည့်ဘောလုံးရာသီသစ်အတွက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီဒုတိယပတ်တွင် လေ့ကျင့် မှုစတင်ရန်  စီစဉ်ထားကြောင်း  အသင်း မီဒီယာတာဝန်ခံ   ဒေါ်သိမ့်သိမ့်ထွန်းက ပြောသည်။

လာမည့်နှစ်   မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲကို ၂၀၂၁ ခုနှစ် ဧပြီလအတွင်း    စတင်ကျင်းပမည်ဖြစ်ကြောင်း လိဂ်ကော်မတီက ထုတ်ပြန်ထားသည်။

ထို့ကြောင့် ရန်ကုန်ယူနိုက်တက်အသင်း သည်  လက်ရှိတွင်  လာမည့်ရာသီသစ် အတွက်   စာချုပ်သက်တမ်းကုန်ဆုံးမည့် ကစားသမားတချို့ကို သက်တမ်းတိုးခြင်း၊ ကစားသမားသစ်ခေါ်ယူရန်  ချိတ်ဆက်ခြင်းတို့ကို ပြုလုပ်လျက်ရှိသည်။

မြန်မာနေရှင်နယ်လိဂ်က လာမယ့်နှစ် ဧပြီလမှာစမှာဖြစ်လို့ အသင်းကိုပြင်ဆင် မှုတွေလုပ်ဆောင်နေပါတယ်။ လက်ရှိမှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့်ကစားသမား တချို့ကို သက်တမ်းတိုး၊ မတိုးဆိုတာက နည်းပြချုပ်ရဲ့ဆန္ဒအတိုင်း လုပ်ဆောင်နေ ပါတယ်။   လက်ရွေးစင်နောက်ခံကစား သမား  သိန်းသန်းဝင်းနဲ့  အရန်ဂိုးသမား တစ်ဦးကိုတော့  စာချုပ်သက်တမ်းမတိုးဖို့  ဆုံးဖြတ်ထားပါတယ်။  ကစားသမားသစ် ခေါ်ယူနိုင်ဖို့ ချိတ်ဆက်မှုတွေလုပ်ဆောင် နေပါတယ်။   အသင်းလေ့ကျင့်မှုကိုတော့  လာမယ့်နှစ်   ဖေဖော်ဝါရီဒုတိယပတ်မှာ  လုပ်ဆောင်ဖို့  စီစဉ်ထားပါတယ်  ဟု  ဒေါ်သိမ့်သိမ့်ထွန်းကပြောသည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ပြီးခဲ့သည့် ဘောလုံးရာသီတွင် ရလဒ်များဆိုးရွားခဲ့ပြီး ဖလားလက်မဲ့ရာသီနှင့် တွေ့ကြုံခဲ့ရကာ ၂၀၁၈ ခုနှစ်နောက်ပိုင်း AFC Cup  ဝင်ရောက်ယှဉ်ပြိုင်ခွင့်လည်း    ဆုံးရှုံးခဲ့သောကြောင့် လာမည့် ရာသီသစ်အတွက် ပြင်ဆင်မှုများ  ပိုမိုပြုလုပ်ဖွယ်ရှိကြောင်း သိရသည်။                        

ကိုရဲ