ခံစစ်ကစားသမား လိုအပ်ချက်များကြောင့် ဖာနန်ဒက်စ်ကို ပြန်လည်ခေါ်ယူနိုင်သည်ဟု မန်ယူအသင်းနည်းပြ တန်ဟတ်အတည်ပြု

 

ခံစစ်ကစားသမား လိုအပ်ချက်များကြောင့် ဖာနန်ဒက်စ်ကို ပြန်လည်ခေါ်ယူနိုင်သည်ဟု မန်ယူအသင်းနည်းပြ တန်ဟတ်အတည်ပြု

 

မန်ချက်စတာ  အောက်တိုဘာ  ၂၀

    မန်ယူအသင်းနည်းပြ တန်ဟတ်က    အသင်း၌ ခံစစ်ကစားသမား လိုအပ်ချက်များကြောင့် ဇန်နဝါရီ လ ကစားသမား အပြောင်းအရွှေ့ကာလတွင်  လူငယ်ခံစစ်ကစားသမား ဖာနန်ဒက်စ်ကို ပြန်လည်ခေါ်ယူနိုင်သည်ဟု အတည်ပြုပြောကြားခဲ့သည်။

မန်ယူအသင်းသည် ပြီးခဲ့သည့်ဘောလုံးရာသီက ခံစစ်ကစားသမားများ ဒဏ်ရာရရှိခဲ့မှုကြောင့် အသင်း ခံစစ်ပိုင်းတွင်  ရုန်းကန်မှုများ ရှိခဲ့သည့်အတွက် နွေရာသီ  ကစားသမား အပြောင်းအရွှေ့ကာလက    အသင်းခံစစ်ပိုင်းကို  သေချာပြင်ဆင်ကာ     ဘိုင်ယန်မြူးနစ်အသင်းမှ မာဇာရာဝီ၊ ဒီလစ်၊ လိုင်လီအသင်းမှ ရိုယိုတို့ကို ခေါ်ယူအင်အား ဖြည့်တင်းထားသော်လည်း ယခုဘောလုံးရာသီတွင်  အသင်းခံစစ်ပိုင်း၌  ကစားသမားအများစု ဒဏ်ရာပြဿနာနှင့် ထပ်မံတွေ့ကြုံနေရပြီး ရုန်းကန်ရလျက်ရှိသည်။

လက်ရှိ မန်ယူအသင်းခံစစ်ပိုင်းတွင် မက်ဂွိုင်ယာ၊ လုရှောခ်၊ ရိုယိုတို့ ဒဏ်ရာကြောင့် အနားယူနေခဲ့ရပြီး တောင်ပံခံစစ်ကစားသမား   မာဇာရာဝီသည်လည်း ဒဏ်ရာကြောင့်  အနားယူနေခဲ့ရသဖြင့် မန်ယူအသင်း ခံစစ်ပိုင်းအတွက်     လိုအပ်ချက်များ ရှိနေခြင်းဖြစ်သည်။

မန်ယူအသင်းသည် ပြီးခဲ့သည့်နွေရာသီကစား သမားအပြောင်းအရွှေ့ကာလက လူငယ်ခံစစ်ကစားသမား  ဖာနန်ဒက်စ်ကို  ဘင်ဖီကာအသင်းထံ အပြီးသတ် ရောင်းချခဲ့ခြင်း ဖြစ်သော်လည်း ရောင်းချစဉ်က တည်းက ပြန်လည်ခေါ်ယူခွင့် စာချုပ် ချုပ်ဆိုထားသည့်  အတွက်    မန်ယူအသင်းက    ပြန်လည်ခေါ်ယူရန် ပြင်ဆင် နေကြောင်း သိရသည်။           

Dates: 
Monday, October 21, 2024 - 09:41