လန်ဒန်၊ ဘောလုံး
အာဆင်နယ်အသင်းနည်းပြ အာတီတသည် အသင်း၏ တစ်ပတ်လစာ ပေါင် ၃၅ဝဝဝဝ ပေးထားရသော လစာ အများ ဆုံးကစားသမား အိုဇေးလ်ကို ပထမရာသီ ဝက် ပရီးမီးယားလိဂ်နှင့် ယူရိုပါလိဂ် ကစားသမား မှတ်ပုံတင် စာရင်း၌ ချန်လှပ်ထားခဲ့၍ ၎င်း၏အနာဂတ်သည် အာဆင်နယ်တွင် ပြန်ကစားခွင့်ရရန် မဖြစ်နိုင်တော့သည့် အနေ အထား ရှိနေသည်။
အိုဇေးလ်၏အေးဂျင့်ဖြစ်သော အားကတ်ဆိုဂတ်က အိုဇေးလ်သည် အာဆင်နယ်အသင်း မှတ်ပုံတင် ကစားသမား စာရင်းတွင် ပြန်လည်ပါဝင်နိုင်တော့မည် မဟုတ်သော်လည်း ကစားသမားကိုယ်တိုင်က ရာသီကုန်အထိ အာဆင်နယ် တွင်သာဆက်နေရန် ဆန္ဒရှိနေကြောင်း ထုတ်ဖော်ပြောသည်။
။။။။။။။။။။။။