ဘာစီလိုနာ၊ ဘောလုံး
ဘာစီလိုနာ အသင်း အဝတ်လဲခန်းအတွင်း ကစားသမားများ စိတ်ဝမ်း ကွဲနေခြင်းကြောင့် ဘာစီလိုနာအသင်း ရလဒ်များ ဆိုးရွားနေရခြင်းဖြစ်ကြောင်း ဝေဖန်မှုများ ရှိလာခဲ့သော်လည်း နည်းပြ ရော်နယ်ကိုးလ်မန်းက မိမိအသင်း သားများကြား မည်သည့် ပြဿနာမှ မရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ပြီးခဲ့သည့်တစ်ပတ်က စပိန်သတင်းစာ အယ်လ်ပိုင်းရက်စ်က နည်းပြကိုးလ်မန်းသည် အသက် ၂၁ နှစ်သာရှိသေး သော အသင်းကွင်းလယ်ကစားသမား ရစ်ကီပိုက်ဂ်ကို ကစားသမားအားလုံးရှေ့တွင် အသင်းအတွင်း သတင်း အချက်အလက်များ ပေါက်ကြားစေသူဟု စွပ်စွဲခဲ့ခြင်းကြောင့် ဘာစီလိုနာတွင် ရော်နယ်ကိုးလ်မန်းကို ဆန့်ကျင် သူနှင့် ထောက်ခံသူ နှစ်ဖွဲ့ကွဲနေကြောင်း ဖော်ပြခဲ့သည်။
သို့သော် ရော်နယ်ကိုးလ်မန်းက ''ကျွန်တော့်အသင်းကစားသမားတွေ လေ့ကျင့်ခန်းမှာရော ပွဲကစားရာမှာပါ အားလုံး ညီညွတ်ကြပါတယ်။ ကစားသမားတွေကြား ဘာပြဿနာမှ လည်း မတွေ့ရပါဘူး''ဟု ဒီဇင်ဘာ ၁၆ ရက်ည ဆိုစီဒက်နှင့်ပွဲ မတိုင်မီ သတင်းစာရှင်းလင်းပွဲ၌ပြောသည်။