လန်ဒန်၊ ဘောလုံး
ချယ်လ်ဆီးအသင်းသည် ဒီဇင်ဘာ ၁၅ ရက် ညက ယှဉ်ပြိုင်ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ် ၌ ဝုဗ်အသင်းကို ဂီရော့ဒ်၏ဂိုးဖြင့် ဦးဆောင်နိုင် ခဲ့သော်လည်း ပိုဒန်စီက ချေပဂိုးသွင်းပြီး ပွဲချိန် ၉၅မိနစ်ရောက်မှ ဝုဗ်အတွက် ပီဒရိုနီတိုက ဂိုးသွင်း ခဲ့ခြင်းကြောင့် နှစ်ပွဲဆက် ရှုံးပွဲကြုံခဲ့ရသည်။ ချယ်လ်ဆီးအသင်းသည် ထိုပွဲတွင် ဂိုးသွင်းနိုင် ရန် အခွင့်အရေးအနည်းငယ်သာရရှိခဲ့ပြီး ဝုဗ်၏ တန်ပြန်တိုက်စစ် နှစ်ကြိမ်မှ ဂိုးပေးခဲ့ရသဖြင့် ရှုံးခဲ့ခြင်းဖြစ်ရာ စကိုင်းစပို့တ်မှ ဘောလုံးပွဲသုံးသပ် တင်ဆက်သူ မန်ယူကွင်းလယ် ကစားသမားဟောင်း ပေါလ်စခိုးက ချယ်လ်ဆီး အနေဖြင့် ချန်ပီယံဖြစ်ရန် အသင့်မဖြစ်သေးဘဲ ကွင်းလယ်ဖန်တီးမှုပိုင်း အားနည်းနေသေးကြောင်း သုံးသပ် ပြောသည်။
လီဗာပူးနည်းပြ ဂျာဂန်ကလော့က ချယ်လ်ဆီး သည် ယခုရာသီ ချန်ပီယံဖြစ်ရန် ရေပန်းအစား ဆုံးအသင်းဖြစ် သည်ဟု မကြာသေးမီက မှတ်ချက် ပေးပြောဆိုခဲ့သည်။
ချယ်လ်ဆီးသည် အဲဗာတန်ကိုမရှုံးမီ ၁၇ ပွဲဆက်တိုက် ရှုံးပွဲမရှိကစားနိုင်ခဲ့သော်လည်း ပေါလ်စခိုးက ''ချယ်လ်ဆီး ကွင်းလယ်မှာ ဖန်တီးမှုပိုင်း တော်တော်လေးအားနည်းနေတာ တွေ့ရတယ်။
ကန်တီက သူ့တာဝန်ကို အကောင်းဆုံးကစားပေး နိုင်ပေမယ့် သူနဲ့တွဲရတဲ့ လူငယ်ကစားသမား နှစ်ယောက်ဖြစ် တဲ့ မေဆင်မောင့်နဲ့ ကိုင်ဟားဗတ် တို့က တကယ်ကောင်းတဲ့ ကစားသမားတွေဖြစ် ပေမယ့် အကောင်းဆုံးအဆင့် ရောက်ဖို့ ငယ်သေး တဲ့အတွက် ဒီနှစ်တော့ သူတို့က ချန်ပီယံဖြစ်ဖို့ အဆင်သင့်မဖြစ်သေးပါဘူး''ဟု သုံးသပ်ခဲ့ သည်။
ချယ်လ်ဆီးနည်းပြ လမ်းပတ်ကလည်း မိမိ ကစားသမားများသည် ဝုဗ်ကိုရှုံးခဲ့ခြင်းမှာ နည်း ဗျူဟာပိုင်းနှင့် မဆိုင်ဘဲ ပွဲပန်းမှုဒဏ်ကို ခံနေခဲ့ရ ခြင်းကြောင့်ဖြစ်ကြောင်း ဝန်ခံပြောဆိုခဲ့သည်။
လမ်းပတ်က ''ကျွန်တော်တို့အသင်းပုံစံကို မြင်တော့ အရည်အသွေးပိုင်း၊ စီမံခန့်ခွဲမှုပိုင်း အားနည်းချက် ကြောင့် မဟုတ်တာကို ရှင်းလင်းစွာ မြင်တွေ့ရပါတယ်။ အသင်းက တိုးတက်ဖို့လည်း လိုနေသေးတယ်လို့ ပြောခဲ့ပြီး သားပါ။ ပရီးမီးယားလိဂ်မှာ ကျွန်တော့်အတွေ့အကြုံအရ ကိုယ့်အဆင့် အတန်းနည်းနည်းကျလိုက်တာနဲ့ ဒုက္ခရောက်ရ မယ်ဆိုတာကို အဲဗာတန်နဲ့ပွဲနဲ့ ဒီပွဲက သက်သေ ပြလိုက်တာပဲ''ဟု ဝန်ခံခဲ့သည်။
...........