နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာစေရေး ပူတင်နှင့်မိုဒီတို့ ဆွေးနွေး
ရုရှားအစိုးရကကြီးမှူး ဆောင်ရွက်နေသည့် BRICS အဖွဲ့ထိပ်သီး ညီလာခံဘေး ပန်းတွေ့ဆုံမှု၌ ရုရှားသမ္မတဗလာဒီမာပူ တင်နှင့် အိန္ဒိယဝန်ကြီးချုပ်နာရန်ဒရာမိုဒီ တို့က နှစ်နိုင်ငံကြား ဆက်ဆံရေးပိုမိုခိုင်မာစေရေး၊ BRICS အဖွဲ့၌ ပူးပေါင်းဆောင်ရွက် မှုများပိုမို လုပ်ဆောင်နိုင်စေရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးကြောင်း သိရသည်။
ထို့ပြင် နှစ်နိုင်ငံကြားတွင်မဟာဗျူဟာမြောက် မိတ်ဖက် ပူးပေါင်းဆောင်ရွက်မှုနှင့် ပတ်သက်၍လည်း ပူတင်နှင့်မိုဒီတို့က ဆွေးနွေးသည်။ ယခုခရီးစဉ်သည် နှစ်နိုင်ငံကြား မဟာဗျူဟာမြောက် အထူးဆက်ဆံရေးကို ပိုမိုခိုင်မာအားကောင်းစေမည်ဖြစ်သည်ဟု မိုဒီက ရုရှားနိုင်ငံသို့ မသွားခင်ကတည်းက ပြောထားသည်။
တစ်ချိန်တည်းမှာပင် မိုဒီက ယူကရိန်း ပဋိပက္ခကို အမြန်ဆုံး ဖြေရှင်းနိုင်ရေး တိုက်တွန်းပြီး အိန္ဒိယနိုင်ငံက လိုအပ်သည့်နေရာများတွင် ပါဝင်ကူညီပေးမည်ဟု ပူတင်ကိုပြောသည်။
ထို့အတူ ပူတင်က အိန္ဒိယအစိုးရအနေ ဖြင့် ရုရှားနိုင်ငံ၌ ကောင်စစ်ဝန်ရုံး အသစ် များ ထပ်မံဖွင့်လှစ်မှုကို ကြိုဆိုကြောင်း၊ ယင်းကဲ့သို့ဖွင့်လှစ်ခြင်းသည် နှစ်နိုင်ငံပြည် သူများကြားနှင့် စီးပွားရေးလုပ်ငန်းများ ကြားဆက်ဆံရေးကိုပိုမိုအဆင်ပြေလွယ် ကူစေမည်ဖြစ်ကြောင်း ပြောသည်။
BRICS အဖွဲ့ထိပ်သီး အစည်းအဝေးကို ရုရှားနိုင်ငံ ကာဇန်မြို့၌ အောက်တိုဘာလ ၂၂ ရက်မှ ၂၄ ရက်အထိ ဆောင်ရွက်နေခြင်း ဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင် အချို့နှင့်ကိုယ်စားလှယ်များ တက်ရောက်ကြောင်း သိရသည်။