ဘလင်ကန်မရောက်မီ ဟစ်ဇဘိုလာက အစ္စရေးကို ဒုံးကျည်များဖြင့် တိုက်ခိုက်

 

ဘလင်ကန်မရောက်မီ ဟစ်ဇဘိုလာက အစ္စရေးကို ဒုံးကျည်များဖြင့် တိုက်ခိုက်

 

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန် တိုနီဘလင်ကန်က အစ္စရေးမရောက်မီနာရီ ပိုင်းအလို အောက်တိုဘာလ ၂၂ ရက်နံနက် ပိုင်းတွင် ဟစ်ဇဘိုလာတို့က အစ္စရေးနိုင်ငံ တဲအဗစ်မြို့အနီးရှိ စစ်ဌာနချုပ်နှစ်ခုနှင့် ဟိုင်ဖာမြို့ရှိ စစ်ဌာနချုပ်တစ်ခုတို့ကို ဒုံး ကျည်အမြောက်အမြားဖြင့် တိုက်ခိုက်မှု များလုပ်ဆောင်ကြောင်းသိရသည်။

အစ္စရေးက လက်ဘနွန်နိုင်ငံတောင်ပိုင်း နှင့် ဘေရွတ်မြို့တောင်ပိုင်းရှိ ဆင်ခြေဖုံး ဒေသများကို ညလုံးပေါက်တိုက်ခိုက်မှုများ လုပ်ဆောင်ပြီးနောက် ဟစ်ဇဘိုလာတို့က ယခုကဲ့သို့ တိုက်ခိုက်ခြင်းဖြစ်သည်။

အန်တိုနီဘလင်ကန် အနေဖြင့် အစ္စရေး သို့လာရောက်မှုသည် အစ္စရေးနှင့်ဟားမက် တို့ကြားအပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက်ပိုင်း (၁၁)ကြိမ်မြောက် လာရောက်ခြင်းဖြစ်ပြီး ထိုခရီးစဉ်များ၌ အရှေ့အလယ်ပိုင်းဒေသတွင် အပစ်အခတ် ရပ်စဲရေးရရှိစေရန် ကြိုးပမ်းသော်လည်း ယနေ့အချိန်အထိ    တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဆုံးရှုံးမှုများစွာရရှိထားသည့် ဟစ်ဇဘိုလာတို့က အစ္စရေးနှင့် တိုက်ပွဲများဖြစ်နေစဉ်အတွင်း   ဆွေးနွေးညှိနှိုင်းမှု လုပ်ဆောင်သွားမည် မဟုတ်ကြောင်း ထုတ်ပြန်ထားသည်ဟု သိရသည်။

Dates: 
Wednesday, October 23, 2024 - 07:03