COVID-19 ရောဂါဖြစ်ပွားမှုကြောင့် ဒေသခံ တောင်သူများ ရောင်းချရန်  အခက်အခဲ ဖြစ်ပေါ်လျက်ရှိသည့် ရာသီ သီးနှံများကို တပ်မတော်က ဆက်လက်ဝယ်ယူ

နေပြည်တော် ဒီဇင်ဘာ ၁၆

COVID-19 ရောဂါဖြစ်ပွားမှုကြောင့် ကူးသန်းသွားလာမှုများရပ်ဆိုင်းကာ သီးနှံများဝယ်ယူသူနည်းပါးပြီး ဒေသခံ တောင်သူ များအနေဖြင့် ရောင်းချရန် အခက်အခဲဖြစ်ပေါ်၍ သီးနှံများ ပျက်စီးဆုံးရှုံးနိုင်သည့် အခြေအနေများ ဖြစ်ပေါ်နေသောကြောင့် နယ်မြေခံတပ်မတော်သားများက စိုက်ခင်း များသို့သွားရောက်၍ ဒေသခံတောင်သူများ ရောင်းချပေးနိုင်သည့်  ဈေးနှုန်းဖြင့်  ရာသီသီးနှံများကို   ဝယ်ယူပေးလျက်ရှိသည်။

ထိုသို့ဝယ်ယူပေးလျက်ရှိရာ ယနေ့တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက   ရှမ်းပြည် နယ် (တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊  ပင်းတယမြို့နယ်၊ ပွေးလှကျေးရွာရှိ ဒေသခံ တောင်သူများ၏ စိုက်ခင်းများသို့ သွားရောက်၍ ဂေါ်ဖီထုပ် ၁၅ဝဝထုပ်ကို ဒေသခံတောင် သူများရောင်းချ ပေးနိုင်သည့် ဈေးနှုန်းဖြင့်  ထပ်မံ ဝယ်ယူပေးပြီး အဆိုပါဂေါ်ဖီထုပ်များ ကို တိုင်းစစ်ဌာနချုပ်၊ ကွပ်ကဲမှုအောက်ရှိ  တပ်ရင်း/ တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား COVID-19 ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း   စားရေး အဆင်ပြေ စေရန်အတွက် အခမဲ့ ဖြန့်ဝေ ပေးခဲ့ကြောင်း သတင်း ရရှိသည်။