ဥတ္တရသီရိမြို့နယ်ရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား တွေ့ဆုံ

နေပြည်တော်၊ ဒီဇင်ဘာ - ၁၇

   

နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်ရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် သောင်းထိုက်ရွှေနှင့် အဖွဲ့ဝင်များက ဥတ္တရသီရိမြို့နယ်ရှိ နယ်မြေခံတပ်ခန်းမ၌ တွေ့ဆုံသည်။

   

တွေ့ဆုံရာတွင် တိုင်းမှူးက အမှာစကားပြောကြားပြီး ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။