ကမ္ဘာ့ဖလား နဂါးလှေလှော်ပြိုင်ပွဲနှင့် ကမ္ဘာ့ချန်ပီယံရှစ် နဂါးလှေလှော်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်လျက် ရှိသည့် မြန်မာလှေလှော် အားကစားအဖွဲ့ ရွှေတံဆိပ်တစ်ဆု ရရှိထား

 

ကမ္ဘာ့ဖလား နဂါးလှေလှော်ပြိုင်ပွဲနှင့် ကမ္ဘာ့ချန်ပီယံရှစ် နဂါးလှေလှော်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်လျက် ရှိသည့် မြန်မာလှေလှော် အားကစားအဖွဲ့ ရွှေတံဆိပ်တစ်ဆု ရရှိထား

 

ရန်ကုန်   အောက်တိုဘာ   ၂၅

    အပြည်ပြည်ဆိုင်ရာ ကနူးလှေလှော်အဖွဲ့ချုပ်၏ ၂၀၂၄ ခုနှစ်  ကမ္ဘာ့ဖလား နဂါးလှေလှော်ပြိုင်ပွဲ  (2024 ICF Dragon Boat World  Cup ) နှင့်  ကမ္ဘာ့ချန်ပီယံရှစ် နဂါးလှေလှော်ပြိုင်ပွဲ  (2024 ICF Dragon Boat World Championships)ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ Yichang မြို့နှင့် ဖိလစ်ပိုင်သမ္မတနိုင်ငံ Puerto Princesa မြို့တို့၌ အောက်တိုဘာလ  ၂၄  ရက်မှ နိုဝင်ဘာလ ၃ ရက်အထိ ကျင်းပလျက်ရှိရာ အောက်တိုဘာလ ၂၅ ရက်က ကျင်းပသည့် ကမ္ဘာ့ချန်ပီယံရှစ် နဂါးလှေလှော်ပြိုင်ပွဲ အမျိုးသားရှစ်တက်လှော် မီတာ၂၀၀၀ ပြိုင်ပွဲတွင် မြန်မာလှေလှော် အားကစားသမားများက ပထမ (ရွှေတံဆိပ်)ဆုကို ဆွတ်ခူးရရှိထားကြောင်း သိရသည်။

အဆိုပါကမ္ဘာ့ချန်ပီယံရှစ် နဂါးလှေလှော်ပြိုင်ပွဲ အမျိုးသားရှစ်တက်လှော် မီတာ၂၀၀၀  ဗိုလ်လုပွဲတွင် အသင်း ၁၂ သင်း ယှဉ်ပြိုင်ခဲ့ကြပြီး မြန်မာအသင်းက ပထမ(ရွှေတံဆိပ်)ဆု၊ ထိုင်းအသင်းက ဒုတိယ(ငွေတံဆိပ်)ဆုနှင့် တရုတ်အသင်းက တတိယ (ကြေးတံဆိပ်)ဆုရရှိခဲ့ခြင်းဖြစ်သည်။

ယင်းပြိုင်ပွဲများသို့ သွားရောက်ယှဉ်ပြိုင်သည့် အားကစားအဖွဲ့တွင် မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်း၊  အဖွဲ့ခေါင်းဆောင်၊ အတွင်းရေးမှူး၊ နည်းပြ၊ အားကစားသမားအမျိုးသား၊ အမျိုးသမီး ၂၀ စုစုပေါင်း  ၂၃  ဦး  ပါဝင်ကြောင်းနှင့် ဆက်လက် ယှဉ်ပြိုင်လျက်ရှိကြောင်း သတင်းရရှိသည်။         

Dates: 
Saturday, October 26, 2024 - 13:01