ပရီးမီးယားလိဂ် ပွဲစဉ်(၉) စပိန်လာလီဂါ ပွဲစဉ်(၁၁)နှင့် အီတလီစီးရီးအေပွဲစဉ် (၉)ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ် ပွဲစဉ်(၉) စပိန်လာလီဂါ ပွဲစဉ်(၁၁)နှင့် အီတလီစီးရီးအေပွဲစဉ် (၉)ပွဲကြိုသုံးသပ်ချက်

‌ကစားမည့်ရက်/အချိန်

(၂၇-၁၀-၂၀၂၄ ည ၁၁:၀၀ နာရီ)

နှစ်သင်းနောက်ဆုံးသုံးပွဲတွေ့ဆုံမှုရလဒ်

          လီဗာပူး        ၂        -        ၁       အာဆင်နယ်

          အာဆင်နယ် ၃       -        ၁       လီဗာပူး

          အာဆင်နယ် ၀       -        ၂        လီဗာပူး

နောက်ဆုံးကစားခဲ့တဲ့သုံးပွဲ အနိုင်၊ အရှုံးရလဒ်

အာဆင်နယ် အိမ်(နိုင်)      ဝေး(ရှုံး)       အိမ်(နိုင်)

လီဗာပူး        ဝေး(နိုင်)      အိမ်(နိုင်)      ဝေး(နိုင်)

အာဆင်နယ်အသင်းမှာ အဓိက ကစားသမား အများစုဒဏ်ရာရရှိနေလို့ အခုပွဲစဉ်အတွက် ထိုးနှက် ချက်ဖြစ်လာမှာပါ။ အာဆင်နယ်အသင်းမှာ အဓိက ကစားသမားတွေဖြစ်တဲ့   ဆာကာ၊   အိုဒီဂက်စ်၊ တင်ဘားနဲ့ အိုလာဖီအိုရီတို့ ဒဏ်ရာကြောင့် လွဲချော်ရမှာဖြစ်သလို အဓိကခံစစ်ကစားသမားဖြစ်တဲ့ ဆလီဘာလည်း အနီကတ်ပြစ်ဒဏ်ကြောင့် ပါဝင်နိုင်မှာမဟုတ်လို့ အာဆင်နယ်အသင်းအတွက် အိမ်ကွင်းဆိုပေမယ့်    ရုန်းကန်ရဖို့ ရှိနေပါတယ်။  ဒါပေမဲ့   အာဆင်နယ်အသင်းအတွက်  အခုပွဲစဉ်မှာသာ ရှုံးနိမ့်ခဲ့မယ်ဆိုရင်    လီဗာပူးအသင်းနဲ့ ရမှတ်ကွာဟမှုက    ပိုပြီးများသွားနိုင်လို့  အိမ်ရှင်အားသာချက် ဆိုတဲ့ အခွင့်အရေးကိုတော့ အကောင်းဆုံးအသုံးချနိုင်အောင် ကြိုးစားလာမှာပါ။ ဒါပေမဲ့ အာဆင်နယ် အသင်းခံစစ်ပိုင်းက လီဗာပူးအသင်းတိုက်စစ်ပိုင်းကို ပွဲချိန်ပြည့်ထိန်းချုပ် ကစားနိုင်မလား ဆိုတာက တော့ သံသယရှိစရာပါ။ 

ဒီဘောလုံးရာသီ နည်းပြသစ် ဆလော့လက်အောက်မှာ အကောင်းဆုံးပုံစံတွေပြသထားတဲ့ လီဗာပူး အသင်းက အမှတ်ပေးဇယားကို ဦးဆောင်နေလို့ အခုပွဲစဉ်မှာလည်း အမှတ်ပေးဇယားကို ဆက်လက် ဦးဆောင်နိုင်ဖို့အတွက် အဝေးကွင်းဆိုပေမယ့် အမှားခံမှာမဟုတ်ပါဘူး။  လီဗာပူးအသင်းက   ဒီဘောလုံး ရာသီ အဝေးကွင်းလေးပွဲ ကစားပြီးချိန်မှာ လေးပွဲစလုံး အနိုင်ရရှိထားပါတယ်။ လီဗာပူးအသင်း ခံစစ်ပိုင်းကလည်း အဝေးကွင်းလေးပွဲမှာ တစ်ဂိုးတည်းသာ ခွင့်ပြုထားရတဲ့အထိ ကျစ်လျစ်မှုရှိနေလို့ ဆာကာမပါဝင်နိုင်တဲ့ အာဆင်နယ်အသင်း တိုက်စစ်ပိုင်းအတွက် ထိုးဖောက်ရခက်ခဲမှာ အမှန်ပါပဲ။      လီဗာပူး အသင်းတိုက်စစ်ပိုင်းမှာလည်း ဆာလက်ချ်၊   နူနက်တို့က  ဂိုးသွင်းအားရှိနေလို့ အဓိက ကစားသမားတွေ မပါဝင်နိုင်တဲ့ အာဆင်နယ်အသင်းခံစစ်ပိုင်းကို ကောင်းကောင်းအလုပ်ရှုပ်စေမှာ အမှန်ပါပဲ။ လီဗာပူးအသင်းတိုက်စစ်ပိုင်းကလည်း ဒီဘောလုံးရာသီ အိမ်ကွင်းထက် အဝေးကွင်း ပွဲစဉ်တွေ မှာဆို ဂိုးသွင်းအား ပိုကောင်းနေပါတယ်။ ဒီနှစ်သင်းကြား တွေ့ဆုံမှုအပိုင်းကို နှိုင်းယှဉ်ကြည့်ရင် အာဆင်နယ်အသင်းက ရှစ်ကြိမ် အနိုင်ရရှိထားပါတယ်။ လီဗာပူးအသင်းက ၁၄ ကြိမ် အနိုင်ရရှိပြီး ၁၄ ကြိမ် သရေရလဒ် ထွက်ပေါ်ထားပါတယ်။ တွေ့ဆုံမှုတိုင်းမှာ လီဗာပူးအသင်းက အသာစီးမှာရှိနေ ပါတယ်။

ခန့်မှန်းရလဒ် - အာဆင်နယ်  ၁ - ၂  လီဗာပူး

         

ဘတ်တစ်     Vs   အက်သလက်တီကို

ကစားမည့်ရက်/အချိန်

(၂၇-၁၀-၂၀၂၄ ည ၁၂:၀၀ နာရီ)

နှစ်သင်းနောက်ဆုံးသုံးပွဲတွေ့ဆုံမှုရလဒ်

          အက်သလက်တီကို ၂        -        ၁       ဘတ်တစ်

          ဘတ်တစ်     ၀       -        ၀       အက်သလက်တီကို

          အက်သလက်တီကို ၁       -        ၀       ဘတ်တစ်

နောက်ဆုံးကစားခဲ့တဲ့သုံးပွဲ အနိုင်၊ အရှုံးရလဒ်

ဘတ်တစ်        ဝေး(ရှုံး)  ဝေး(နိုင်) အိမ်(သရေ)

အက်သလက်တီကို ဝေး(သရေ) အိမ်(နိုင်) အိမ်(ရှုံး)

‌နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံငါးပွဲမှာ နှစ်ပွဲသာ အနိုင်ရရှိခဲ့တဲ့ ဘတ်တစ်အသင်းရဲ့ခြေစွမ်းပိုင်းက ပုံမှန်အနေအထားမှာမရှိလို့    အခုပွဲစဉ်မှာလည်း  အိမ်ကွင်းမှာကစားရမှာဆိုပေမယ့် ရုန်းကန်ရဖို့ရှိနေ ပါတယ်။ ဘတ်တစ်အသင်းက အက်သလက်တီကို အသင်းနဲ့တွေ့ဆုံတိုင်း ရုန်းကန်ရလေ့ရှိလို့ အခုပွဲစဉ် မှာလည်း    ရုန်းကန်ရဖို့ရှိနေပါတယ်။ ဘတ်တစ်အသင်းက အက်သလက်တီကိုအသင်းကို ၂၀၁၉ခုနှစ်က   အနိုင်ရရှိခဲ့ပြီး  နောက်ပိုင်းနှစ်တွေမှာ တစ်ကြိမ်မှ အနိုင်ရရှိခြင်းမရှိခဲ့ပါဘူး။ ဘတ်တစ်အသင်း တိုက်စစ် ပိုင်းကလည်း စပိန်လာလီဂါ ၁၀ ပွဲမှာ ၁၀ ဂိုးတည်းသာရရှိခဲ့လို့ ခံစစ်ပိုင်းခိုင်မာအောင် ကစားတတ်တဲ့ အက်သလက်တီကိုအသင်းခံစစ်ပိုင်းကိုတော့ ကျော်ဖြတ်ရခက်ခဲမှာပါ။

အက်သလက်တီကိုအသင်းကလည်း နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံငါးပွဲမှာ တစ်ပွဲတည်းသာအနိုင် ရရှိခဲ့ပြီး ရုန်းကန်နေရလို့ ဖိအားတွေအောက်ကနေ ရုန်းထွက်နိုင်ဖို့ အကောင်းဆုံး ပြင်ဆင်လာမှာပါ။ အက်သလက်တီကိုအသင်းက  ဘတ်တစ်အသင်းနဲ့တွေ့ဆုံတိုင်း ရလဒ်ကောင်းလေ့ရှိနေလို့ အခုပွဲစဉ်မှာ လည်း အဝေးကွင်းဆိုပေမယ့် ဘတ်တစ်အသင်းကို  အကောင်းဆုံးဖိအားပေးကစားနိုင်ပါလိမ့်မယ်။ အက်သလက်တီကိုအသင်းက ဒီဘောလုံးရာသီ စပိန်လာလီဂါပြိုင်ပွဲမှာတော့ ရှုံးပွဲမရှိသေးဘဲ ၁၀ ပွဲကစား ပြီးချိန်မှာ   ငါးပွဲနိုင်၊   ငါးပွဲသရေ  ရမှတ် ၂၀  နဲ့  အမှတ်ပေးဇယားအဆင့်  (၃) နေရာမှာ ရပ်တည် နေပါတယ်။  အက်သလက်တီကိုအသင်း ခံစစ်ပိုင်းကလည်း စပိန်လာလီဂါ ၁၀ ပွဲမှာ ခြောက်ဂိုး တည်းသာ ခွင့်ပြုထားရပြီး ခံစစ်ပိုင်းစွမ်းဆောင်ရည်   အကောင်းဆုံးအသင်းအဖြစ်  ရပ်တည်နေလို့    ဘတ်တစ်အသင်း တိုက်စစ်ပိုင်းအတွက် အက်သလက်တီကိုအသင်းခံစစ်ပိုင်းကို ထိုးဖောက်နိုင်ဖို့ အတွက်တော့ လိုအပ်ချက်တွေရှိနေမှာပါ။ အယ်ဗာရက်ဇ်နဲ့ ဂရစ်ဇ်မန်းတို့ ဦးဆောင်နေတဲ့ အက်သလက်တီကို အသင်းတိုက်စစ်ပိုင်းကလည်း ဂိုးသွင်းအားရှိနေလို့ ဘတ်တစ်အသင်း ခံစစ်ပိုင်း အတွက် ထိန်းချုပ်ရခက်ခဲမှာပါ။

ဒီနှစ်သင်းကြားတွေ့ဆုံမှုအပိုင်းမှာတော့ အက် သလက်တီကိုအသင်းက ၁၉ ကြိမ်အနိုင်ရှိထားပါ တယ်။   ဘတ်တစ်အသင်းက နှစ်ကြိမ်အနိုင်ရရှိပြီး ‌ခြောက်ကြိမ် သရေရလဒ် ထွက်ပေါ်ထားပါတယ်။ ဒါကြောင့်  တွေ့ဆုံမှုတိုင်း   အသာစီးမှာရှိနေတဲ့ အက်သလက်တီကိုအသင်းပဲ နိုင်ပွဲရသွားပါလိမ့်မယ်။

ခန့်မှန်းရလဒ်-         ဘတ်တစ် ၁ - ၂ အက်သလက်တီကို

 

အင်တာမီလန်   Vs   ဂျူဗင်တပ်စ်

ကစားမည့်ရက်/အချိန်

(၂၇-၁၀-၂၀၂၄ ည ၁၁:၃၀ နာရီ)

နှစ်သင်းနောက်ဆုံးသုံးပွဲတွေ့ဆုံမှုရလဒ်

          အင်တာမီလန်        ၁       -        ၀       ဂျူဗင်တပ်စ်

          ဂျူဗင်တပ်စ်  ၁       -        ၁       အင်တာမီလန်

          အင်တာမီလန်        ၁       -        ၀       ဂျူဗင်တပ်စ်

နောက်ဆုံးကစားခဲ့တဲ့သုံးပွဲ အနိုင်၊ အရှုံးရလဒ်

အင်တာမီလန်        အိမ်(နိုင်)      ဝေး(နိုင်)      ဝေး(နိုင်)

ဂျူဗင်တပ်စ်  အိမ်(သရေ)  အိမ်(နိုင်)      အိမ်(ရှုံး)

ဒီဘောလုံးရာသီမှာ မြို့ခံပြိုင်ဘက် အေစီမီလန်အသင်း တစ်သင်းတည်းကိုသာ ရှုံးနိမ့်ထားတဲ့ အင်တာမီလန် အသင်းက ပြိုင်ပွဲစုံနောက်ဆုံးကစားခဲ့တဲ့ ငါးပွဲဆက် နိုင်ပွဲရယူထားပြီး ပုံစံကောင်းတွေ ရရှိနေလို့ အခုအိမ်ကွင်းပွဲစဉ်မှာလည်း ဂျူဗင်တပ်စ်အသင်းကို အကောင်းဆုံးဖိအားပေးကစားနိုင်မှာပါ။  ဒါပေမဲ့ ဒီနှစ်သင်း နောက်ဆုံးတွေ့ဆုံခဲ့တဲ့  ငါးပွဲမှာ ဂိုးနည်းလေ့ရှိနေတာကိုတော့ သတိပြုရမှာပါ။  မာတီနက်ဇ်ဦးဆောင်နေတဲ့ အင်တာမီလန်အသင်း တိုက်စစ်ပိုင်းက ဒီဘောလုံးရာသီ စီးရီးအေ ရှစ်ပွဲကစားပြီးချိန်မှာ ၁၇ ဂိုးရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပြီး စီးရီးအေမှာ     တိုက်စစ်ပိုင်းစွမ်းဆောင်ရည် အကောင်းဆုံး အသင်းအဖြစ် ရပ်တည်နေပါတယ်။ အခုပွဲစဉ်မှာသာ အနိုင်ရရှိမယ်ဆိုရင်     အမှတ်ပေး ဇယားထိပ်ဆုံးကို ပြန်လည်တက်လှမ်းနိုင်ဖို့ အခွင့်အရေးရှိနေတဲ့ အင်တာမီလန်အသင်းက အိမ်ကွင်းမှာ ရမှတ်ပြည့်ရရှိဖို့ အမှားခံမှာမဟုတ်ပါဘူး။

ဂျူဗင်တပ်စ်အသင်းကလည်း နည်းပြ မော့တာလက်အောက်မှာ ပုံစံကောင်းပြသနေလို့ အင်တာမီလန် အသင်းကို အကောင်းဆုံး တုံ့ပြန်ကစားနိုင်ဖို့ ပြင်ဆင်လာမှာပါ။ ဂျူဗင်တပ်စ်အသင်းက ဒီဘောလုံး ရာသီ  စီးရီးအေ အဝေးကွင်းသုံးပွဲမှာ တစ်ဂိုးမှမပေးရဘဲ ပုံစံကောင်းတွေပြသထားလို့ ဒီပွဲစဉ်က တိုက်စစ်ပိုင်း အကောင်းဆုံးအသင်းနဲ့ ခံစစ်ပိုင်း အကောင်းဆုံးအသင်း အားပြိုင်မှုကို တွေ့မြင်ရမှာပါ။ ဒါပေမဲ့ ဂျူဗင်တပ်စ်အသင်းက အင်တာမီလန်အသင်းအိမ်ကွင်းမှာ လာရောက်ကစားရရင်တော့ ရုန်းကန် ရလေ့ရှိလို့ အခုပွဲစဉ်မှာလည်း  အင်တာမီလန်အသင်းတိုက်စစ်ပိုင်းကို ထိန်းချုပ်ရခက်ခဲမှာပါ။

ဒီနှစ်သင်းကြားတွေ့ဆုံမှုအပိုင်းကို ပြန်ကြည့်ရမယ်ဆိုရင် ဂျူဗင်တပ်စ်အသင်းက ၁၇ ကြိမ်အနိုင် ရရှိထားပါတယ်။ အင်တာမီလန်အသင်းက ကိုးကြိမ်အနိုင်ရရှိခဲ့ပြီး ၁၂ ကြိမ်သရေရလဒ် ထွက်ပေါ် ထားပါတယ်။ အိမ်ရှင်အားသာချက်နဲ့ ဖိအားပေးကစားလာမယ့် အင်တာမီလန် အသင်းကိုပဲ အားပေး ရမှာပါ။

ခန့်မှန်းရလဒ်- အင်တာမီလန်       ၁       -        ၀       ဂျူဗင်တပ်စ်

ပရီးမီးယားလိဂ်ပွဲစဉ်(၉)

 

          ပဲလေ့စ်        -        စပါး

          ဝက်စ်ဟမ်း   -        မန်ယူ

 

စပိန်လာလီဂါပွဲစဉ်(၁၁)

 

          လီဂါနက်      -        ဆယ်လ်တာဗီဂို

          ဂီတာဖေး     -        ဗလင်စီယာ

 

အီတလီစီးရီးအေပွဲစဉ်(၉)

 

          ပါးမား -        အမ်ပိုလီ

          လာဇီယို       -        ဂျီနိုအာ

          မွန်ဇာ -        ဗင်နီဇီယာ

          ဖီအိုရင်တီးနား        -        ရိုးမား

Dates: 
Sunday, October 27, 2024 - 07:35