မြန်မာလှေလှော်အားကစားအဖွဲ့ ကမ္ဘာ့ဖလားနဂါးလှေလှော်ပြိုင်ပွဲနှင့် ၂၀၂၅ ကမ္ဘာ့ဖလားအားကစား ပြိုင်ပွဲအတွက် လက်ရည်စစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်နှစ်ခု၊ ငွေတံဆိပ်တစ်ခု ထပ်မံဆွတ်ခူးရရှိ
ရန်ကုန် အောက်တိုဘာ ၂၆
ICF က ကြီးမှူးကျင်းပသည့် ကမ္ဘာ့ဖလားနဂါးလှေလှော်ပြိုင်ပွဲနှင့် ၂၀၂၅ ခုနှစ် ချန်ဒူးတွင်ကျင်းပမည့် ကမ္ဘာ့ဖလား အားကစားပြိုင်ပွဲ၏ လက်ရည်စစ်ပြိုင်ပွဲ ချန်ပီယံရှစ် နဂါးလှေလှော်ပြိုင်ပွဲတွင် မြန်မာ လှေလှော် အားကစားအဖွဲ့က ၀င်ရောက်ယှဉ်ပြိုင်လျက်ရှိရာ ယနေ့တွင် ရွှေတံဆိပ်နှစ်ခုနှင့် ငွေတံဆိပ် တစ်ခုထပ်မံဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲတွင်အမျိုးသား ရှစ်တက်လှော်မီတာ ၂၀၀ ၌ မြန်မာအသင်းက ပထမ(ရွှေ)၊ တရုတ် အသင်းကဒုတိယ(ငွေ)နှင့်ရုရှားကတတိယ(ကြေး)တံဆိပ်ဆုတို့ကိုလည်ကောင်း၊ အမျိုးသား+အမျိုးသမီး မီတာရှစ်တက်လှော် မီတာ ၅၀၀ တွင် မြန်မာအသင်းက ပထမ(ရွှေ) ၊ တရုတ်အသင်းက ဒုတိယ(ငွေ) နှင့် ရုရှားအသင်းက တတိယ(ကြေး)တံဆိပ်ဆုကိုလည်းကောင်း၊ အမျိုးသား+အမျိုးသမီး မီတာ ၂၀၀၀ တွင် တရုတ်အသင်းက ပထမ(ရွှေ)၊ မြန်မာအသင်းက ဒုတိယ(ငွေ) နှင့် ရုရှားအသင်းကတတိယ(ကြေး) တံဆိပ်ဆုတို့ကို အသီးသီးဆွတ်ခူးရရှိခဲ့ကြသည်။
မြန်မာနိုင်ငံကိုယ်စားပြု လှေလှော်အားကစားအဖွဲ့သည် ယနေ့ပြိုင်ပွဲအပြီးတွင် ရွှေသုံးခု၊ ငွေတစ်ခု ဆွတ်ခူးရရှိထားပြီး အောက်တိုဘာ ၂၇ ရက်တွင် ပြိုင်ပွဲများ ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝန်းရံခ