36th Junior Golf Myanmar Championship ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

 

36th Junior Golf Myanmar Championship ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

 

ရန်ကုန်  အောက်တိုဘာ ၂၇

    မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ်ကကြီးမှူး၍ Junior Golf Myanmar (JGM) ၏ (၃၆) ကြိမ်မြောက် မျိုးဆက်သစ် လူငယ်ဂေါက်သီးရိုက်ပြိုင်ပွဲ ဒုတိယနေ့နှင့် ဆုချီးမြှင့်ပွဲကို ရန်ကုန်မြို့ရှိ ရန်ကုန်ဂေါက်ကွင်း (တညင်းကုန်း)၌ ယနေ့တွင်ဆက်လက် ကျင်းပရာ မြန်မာနိုင်ငံဂေါက်သီး အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကိုကိုအေးနှင့် ဗဟိုအလုပ် အမှုဆောင်များ၊ Junior Golf Myanmar (JGM)မှ အမှုဆောင်များ၊ အားကစားသမားများ၏ မိဘများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ပြိုင်ပွဲများအပြီးတွင်    ဆုချီးမြှင့်ပွဲအခမ်းအနားအား ကျင်းပရာ မြန်မာနိုင်ငံဂေါက်သီး အားကစားအဖွဲ့ချုပ် တွဲဖက် အထွေထွေအတွင်းရေးမှူးနှင့်  Junior Golf   Myanmar  (JGM)    ဥက္ကဋ္ဌ ဦးမြင့်အောင်က  အမှာစကားပြောကြားသည်။

ထို့နောက် Junior Golf Myanmar (JGM) အလုပ်အမှုဆောင် ဦးကျော်မင်းမင်းလတ် က အသက် ၁၂နှစ်အောက်(အမျိုးသား) သက်တမ်းတွင် စုစုပေါင်းရိုက်ချက် ၁၆၉ ချက်ဖြင့် တတိယဆုရရှိသော ရဲမင်းသန့်အား လည်းကောင်း၊ စုစုပေါင်းရိုက်ချက် ၁၆၁  ချက်ဖြင့် ဒုတိယဆုရရှိသော ဇာနည်ထွန်းဝင်းအား လည်းကောင်း၊ စုစုပေါင်းရိုက်ချက် ၁၅၃ ချက်ဖြင့် ပထမဆုရရှိသော ထူးမြတ်အောင်အား လည်းကောင်း ဆုများပေးအပ် ချီးမြှင့်သည်။

ယင်းနောက်    မြန်မာနိုင်ငံဂေါက်သီး အားကစားအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဒေါ်လွင်လွင်အောင်က အမျိုးသမီး ၁၈ နှစ်အောက် သက်တမ်းတွင် စုစုပေါင်းရိုက်ချက် ၁၈၁ ချက်ဖြင့် တတိယဆုရရှိသော နန်းစိုင်အွမ်ငင်းအားလည်းကောင်း၊  စုစုပေါင်း ရိုက်ချက် ၁၆၂ချက်ဖြင့် ဒုတိယဆုရရှိသော ဆုနှင်းဖြူအား လည်းကောင်း၊ စုစုပေါင်း ရိုက်ချက် ၁၅၄ ချက်ဖြင့် ပထမဆုရရှိသော ချိုသာအောင်အား လည်းကောင်း၊ မြန်မာနိုင်ငံဂေါက်သီး အားကစားအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဒေါ်မြင့်မြင့်သန်းက အသက် ၁၄  နှစ်အောက် (အမျိုးသား) သက်တမ်းတွင် စုစုပေါင်းရိုက်ချက်  ၁၆၆ချက်ဖြင့် တတိယဆုရရှိသော ကျော်သံလွင်ဟိန်းအား လည်းကောင်း၊  စုစုပေါင်းရိုက်ချက် ၁၆၂ ချက်ဖြင့် ဒုတိယဆုရရှိသော ထွန်းထွန်းဦးအား လည်းကောင်း၊ စုစုပေါင်း ရိုက်ချက် ၁၅၄ ချက်ဖြင့် ပထမဆုရရှိသော အောင်သန်းထွဋ်အား လည်းကောင်း ဆုများကိုပေးအပ် ချီးမြှင့်သည်။

ဆက်လက်ပြီး မြန်မာနိုင်ငံဂေါက်သီး အားကစားအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးအိုက်ပန်က  အသက် ၁၈  နှစ်အောက် (အမျိုးသား)သက်တမ်းတွင်  စုစုပေါင်းရိုက်ချက် ၁၅၄ ချက်ဖြင့် တတိယဆုရရှိသော ကောင်းထက်အား လည်းကောင်း၊ စုစုပေါင်းရိုက်ချက် ၁၅၄  ချက်ဖြင့် ဒုတိယဆုရရှိသော မင်းခန့်သော်အား လည်းကောင်း၊ စုစုပေါင်းရိုက်ချက် ၁၅၁ချက်ဖြင့် ပထမဆုရရှိသော  ပြည့်ဖြိုးထွဋ်အား လည်းကောင်းဆုများ ပေးအပ်ချီးမြှင့်သည်။

36th Junior Golf Myanmar Cham-pionship ဂေါက်သီးရိုက်ပြိုင်ပွဲအား ရန်ကုန်ဂေါက်ကွင်း(တညင်းကုန်း) ၌ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၆ရက်မှ ၂၇ ရက်အထိ နှစ်ရက်တာ ကျင်းပခဲ့ကြောင်း   သိရသည်။

Dates: 
Monday, October 28, 2024 - 04:14