AFC Challenge League ပြိုင်ပွဲ အုပ်စုပွဲစဉ်တွင် ရှမ်းယူနိုက်တက်အသင်းက လာအိုကလပ်အသင်းကို ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိ

 

AFC Challenge League ပြိုင်ပွဲ အုပ်စုပွဲစဉ်တွင် ရှမ်းယူနိုက်တက်အသင်းက လာအိုကလပ်အသင်းကို ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိ

 

ရန်ကုန်  အောက်တိုဘာ  ၂၇

    အာရှဘောလုံးအဖွဲ့ချုပ်က     ကြီးမှူးကျင်းပလျက်ရှိသည့် AFC Challenge League ပြိုင်ပွဲ အုပ်စု(D) အုပ်စုပွဲစဉ်အဖြစ် ယနေ့ညနေ ၄  နာရီတွင်  ရန်ကုန်မြို့  သုဝဏ္ဏအားကစားကွင်း၌  ရှမ်းယူနိုက်တက်အသင်းနှင့်    လာအိုကလပ်  Young Elephants အသင်းတို့ ကစားခဲ့ရာ ရှမ်းယူနိုက်တက်အသင်းက ၂ ဂိုး ဂိုးမရှိဖြင့်    အနိုင်ရရှိခဲ့ကြောင်း သိရသည်။

    အဆိုပါပွဲစဉ်တွင် ပွဲစကတည်းက အိမ်ရှင် ရှမ်းယူနိုက်တက်အသင်းက အကောင်းဆုံးဖိအားပေးကစားနိုင်ခဲ့ကာ ပွဲချိန် ၁၂ မိနစ်တွင် ဟိန်းဖြိုးဝင်း၏ ဖန်တီးပေးမှုမှ တစ်ဆင့် ရဲရင့်အောင်က ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့သကဲ့သို့ ပွဲချိန် ၁၇ မိနစ်တွင်လည်း ဇွဲထက်မင်း၏ ဖန်တီးပေးမှုမှတစ်ဆင့် ရဲရင့်အောင် ကပင်    ရှမ်းယူနိုက်တက် အသင်းအတွက် ဒုတိယဦးဆောင်ဂိုး   ထပ်မံသွင်းယူနိုင်ခဲ့သည့် အတွက် ပထမပိုင်းတွင် ရှမ်းယူနိုက်တက်အသင်းက ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

ဆက်လက်ပြီး   ဒုတိယပိုင်းတွင်လည်း နှစ်သင်းလုံး ဂိုးသွင်းခွင့်များ ရရှိခဲ့ကြသော်လည်း တိုက်စစ်ကစားသမားများ အဆုံးသတ်ပိုင်း အားနည်းမှုများကြောင့် နှစ်သင်းစလုံးဂိုး သွင်းယူနိုင်ခြင်းမရှိသည့်အတွက် ပွဲပြီးဆုံးချိန်တွင် ရှမ်းယူနိုက်တက် အသင်းက ရဲရင့်အောင်၏ သွင်းဂိုးများဖြင့် Young Elephants အသင်းကို   ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

AFC Challenge League ပြိုင်ပွဲ အုပ်စု(D)အုပ်စုပွဲစဉ်များအဖြစ် အောက်တိုဘာလ ၃၀ ရက်တွင် တရုတ်တိုင်ပေကလပ် Tainan City FC အသင်းနှင့်   Young Elephants အသင်း၊ နိုဝင်ဘာလ ၂ ရက်တွင် ရှမ်းယူနိုက်တက် အသင်းနှင့် Tainan City FC အသင်းတို့ ဆက်လက်ကစား သွားမည်ဖြစ်ကြောင်း သိရသည်။

Dates: 
Monday, October 28, 2024 - 06:05