မေဂျာလိဂ်ပြိုင်ပွဲ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုအတွက် အင်တာမိုင်ယာမီအသင်း တိုက်စစ်မှူးမက်ဆီ ထိပ်ဆုံးမှရေပန်းစားနေ

 

မေဂျာလိဂ်ပြိုင်ပွဲ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုအတွက် အင်တာမိုင်ယာမီအသင်း တိုက်စစ်မှူးမက်ဆီ ထိပ်ဆုံးမှရေပန်းစားနေ

 

မိုင်ယာမီ အောက်တိုဘာ ၂၇

‌မေဂျာလိဂ်ပြိုင်ပွဲ       တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုအတွက်    ဆန်ခါတင်ကစားသမား စာရင်းထုတ်ပြန်ပြီးနောက် အင်တာမိုင်ယာမီအသင်း တိုက်စစ်မှူးမက်ဆီ အဆိုပါ ဆုဆွတ်ခူးနိုင်ရန် ထိပ်ဆုံးမှ ရေပန်းစားနေကြောင်း သိရသည်။

မက်ဆီသည် ပြီးခဲ့သည့်ဘောလုံးရာသီက ပီအက်စ် ဂျီအသင်းနှင့်  စာချုပ်သက်တမ်း ကုန်ဆုံးပြီးနောက် အင်တာမိုင်ယာမီ အသင်းသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့်   ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး    အသင်းနှင့်အတူ ပထမဆုံး ဘောလုံးရာသီတွင်  ရှုံးထွက်ဖလားဆွတ် ခူးနိုင်ခဲ့သည့်အပြင်      ယူအက်စ်အိုးပင်း ပြိုင်ပွဲတွင်လည်း ဗိုလ်လုပွဲအဆင့် တက်ရောက်နိုင်ခဲ့သည်။

မက်ဆီသည် ယခုဘောလုံးရာသီတွင် အင်တာ မိုင်ယာမီအသင်းနှင့်အတူ    မေဂျာလိဂ်ပြိုင်ပွဲတွင် အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပြီး    အသင်းနှင့်အတူ မေဂျာလိဂ်ပြိုင်ပွဲတွင် ၁၀ ပွဲ ပါဝင်ကစားကာ သွင်းဂိုး ၂၀   အထိသွင်းယူနိုင်ပြီး  သွင်းဂိုးအများဆုံးကစား သမားစာရင်းတွင် ဒီစီယူနိုက်တက်အသင်းမှ ဘင်တီ ကီနှင့်အသင်းဖော် ဆွာရက်ဇ်တို့နောက်      တတိယနေရာ၌   ရပ်တည်နိုင်ကာ   ဂိုးဖန်တီးမှုအပိုင်းတွင်လည်း  ၁၀  ကြိမ်ပြုလုပ်နိုင်ပြီး   သွင်းဂိုးပါဝင်ပတ် သက်မှု ၃၁ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့သူဖြစ်သည်။

ယခုဘောလုံးရာသီ မေဂျာလိဂ်ပြိုင်ပွဲ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုအတွက်  ဆန်ခါတင် ကစားသမားစာရင်းတွင် မက်ဆီနှင့်အတူ အင်တာမိုင်ယာမီ အသင်းဖော်  ဆွာရက်ဇ်၊  သွင်းဂိုးအများဆုံး ကစားသမားဆုရရှိခဲ့သည့် ဒီစီယူနိုက်တက်အသင်းမှ ဘင်တီကီ၊ ပေါ့ခ်လန်းတင်ဘာ အသင်းမှ အီဗန်ဒါနှင့် ကိုလံဘတ်ခရူးစ်အသင်းမှ ဟာနန်ဒက်ဇ်တို့ ပါဝင်ခဲ့ကြပြီး မက်ဆီက တခြားကစားသမားများကို ကျော်ဖြတ် ကာ ထိပ်ဆုံးမှ ‌ရေပန်းစားနေခြင်းဖြစ်သည်။

အလားတူ     မေဂျာလိဂ်ပြိုင်ပွဲ    တစ်နှစ်တာ အကောင်းဆုံးနည်းပြဆုအတွက်  ဆန်ခါတင်နည်းပြ စာရင်းတွင် အင်တာမိုင်ယာမီအသင်းနည်းပြ မာတီနို နှင့်အတူ ရာဒိုရက်ပစ်အသင်းနည်းပြ  ခရစ်အာမက်၊   ကိုလံဘတ်ခရူးစ်အသင်းနည်းပြ နန်စီတို့ပါဝင်နေပြီး မေဂျာလိဂ်ပြိုင်ပွဲ  အရှေ့ပိုင်းဇုန်တွင် အင်တာမိုင်ယာ မီအသင်းနောက် ရမှတ် ၆၆ မှတ်ဖြင့်  အမှတ်ပေး ဇယားအဆင့် (၂) နေရာ၌ရပ်တည်အောင် စွမ်းဆောင် နိုင်ခဲ့သည့်  နည်းပြနန်စီက  ထိပ်ဆုံးမှ  ရေပန်းစားလျက် ရှိကြောင်း သိရသည်။ ‌ 

Dates: 
Monday, October 28, 2024 - 06:15