ဂျီနိုအာအသင်းက ကလပ်အသင်း လက်မဲ့ဖြစ်နေသည့် တိုက်စစ်မှူး ဘာလော့တယ်လီကို ကာလတိုစာချုပ်ဖြင့် ခေါ်ယူ

 

ဂျီနိုအာအသင်းက ကလပ်အသင်း လက်မဲ့ဖြစ်နေသည့် တိုက်စစ်မှူး ဘာလော့တယ်လီကို ကာလတိုစာချုပ်ဖြင့် ခေါ်ယူ

 

ရောမ  အောက်တိုဘာ ၂၇

‌      အီတလီစီးရီးအေကလပ် ဂျီနိုအာအသင်းက တူကီယဲကလပ်   ဒီမီယာစပေါလ်အသင်းနှင့်   လမ်းခွဲပြီးနောက်  ကလပ်အသင်း လက်မဲ့ဖြစ်နေသည့်  ဝါရင့် တိုက်စစ်မှူး  ဘာလော့တယ်လီကို  ကာလတိုစာချုပ်ချုပ်ဆိုကာ ခေါ်ယူနိုင်ခဲ့ကြောင်း သိရသည်။

အသက် ၃၄ နှစ်အရွယ် ဘာလော့တယ်လီသည် အီတလီစီးရီးအေ ထိပ်တန်းအသင်းကြီးများ ဖြစ်သည့် အင်တာမီလန်အသင်း၊    အေစီမီလန်အသင်းတို့နှင့် အတူ အောင်မြင်မှုများ ရယူနိုင်ခဲ့ပြီး အီတလီစီးရီးအေ ပြိုင်ပွဲအတွေ့အကြုံရှိ ကစားသမားတစ်ဦးဖြစ်သည့် အတွက် ဂျီနိုအာအသင်းက ၂၀၂၅ ခုနှစ် ဇွန်လအထိ ကာလတိုစာချုပ်ချုပ်ဆိုကာ ခေါ်ယူခဲ့ခြင်းဖြစ်သည်။

ဘာလော့တယ်လီသည်  ပရော်ဖက်ရှင်နယ် ကစားသမားဘဝတွင်   အေစီမီလန်နှင့်   အင်တာမီလန်အသင်းအပြင်   ထိပ်တန်းအသင်းကြီးများဖြစ်သည့် မန်စီးတီးအသင်းနှင့် မာဆေးလ်အသင်းတို့၌လည်း ကစားခဲ့သူဖြစ်ပြီး သက်ဆိုင်ရာကလပ်အသင်းများ တွင်   ခြေစွမ်းကောင်းများ ပြနိုင်ခဲ့သော်လည်း စည်းကမ်းပိုင်းဆိုင်ရာ   လိုက်နာမှုအားနည်းသည့် အတွက် ကလပ်အသင်းများ မကြာခဏ ပြောင်းရွှေ့ခဲ့ ရသူဖြစ်သည်။

ဘာလော့တယ်လီသည်  ၂၀၂၃  ခုနှစ် စက်တင်ဘာ လကတည်းက  ဒီမီယာစပေါလ် အသင်းနှင့် စာချုပ် ဖျက်သိမ်းကာ  လမ်းခွဲပြီးနောက်     ကလပ်အသင်း လက်မဲ့ဖြစ်နေကာ   ဘောလုံးလောကနှင့် ဝေးကွာခဲ့ရကြောင်း သိရသည်။      

Dates: 
Monday, October 28, 2024 - 06:26