ပွဲတော်ကာလ ၁၆ ရက်အတွင်း ခြောက်ပွဲကစားရချိန် ချန်ပီယံစိန်ခေါ်နိုင်မှု အဆုံးအဖြတ်ပေးမည်ဟု ဆိုးလ်ရှားပြော

မန်ယူအသင်းသည် ပွဲတော်ရက်များ ဖြစ်သော ခရစ္စမတ်နှင့် နှစ်သစ်ကူးကာလ များတွင် ၁၆ ရက်အတွင်း ခြောက်ပွဲကစား ရမည်ဖြစ်ရာ ယခုရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် စိန်ခေါ်နိုင်စွမ်းရှိ၊ မရှိကို ထိုပွဲများ၌ အဆုံးအဖြတ် ပေးလိမ့်မည်ဟု  ဆိုးလ်ရှားက  အသင်းသားများအား လှုံ့ဆော်စကားဆိုခဲ့သည်။

မန်ယူအသင်းသည် ဒီဇင်ဘာ ၁၇ ရက် ညကစားမည့်    ရှက်ဖီးလ်ယူနိုက်တက်နှင့်  ပွဲစဉ်မှစတင်ပြီး  နှစ်သစ်ကူးကာလ တွင်  ဗီလာနှင့်ပွဲအထိ  ခြောက်ပွဲဆက် တိုက်ကစားရမည်ဖြစ်၍ ထိုပွဲကျပ်ကာလသည် ချန်ပီယံဖြစ်နိုင်၊ မဖြစ်နိုင်ကို အဆုံး အဖြတ်ပေးလိမ့်မည်ဟု   ဆိုးလ်ရှားက ပြောသည်။  ဒီကာလက  ကျွန်တော်တို့အတွက် တကယ့်ပွဲကြီးတွေကစားရမယ့် အချိန်ပါ။ ဒီကာလကို ကစားသမားတွေဘက်က ချန်ပီယံစိန်ခေါ်မှုအတွက် အရေး အကြီးဆုံးကာလလို့  စိတ်ထဲ မသတ်မှတ်ကြရင်တော့   စိတ်မကောင်းဖြစ်ရမှာပဲ ဟု ပြောသည်။         

   Ref:BBC