တစ်ဦးထုတ်ပယ် ခံထားရပြီးမှ သရေကျခဲ့ခြင်းကို အာတီတာကျေနပ်

အာဆင်နယ်အသင်းသည် ဆောက်သမ်တန်နှင့် ဒီဇင်ဘာ ၁၆ ရက်ညက အိမ်ကွင်း၌ ကစားခဲ့သော ပွဲစဉ်တွင် ဆောက်သမ်တန်မှ ဝဲလ်ကော့၏  ဂိုးသွင်းခြင်း စတင်ခံရပြီးနောက်  ပွဲပြီးရန်  ၃၅  မိနစ်အလိုတွင် အဓိကခံစစ်မှူး ဂါဘရီရယ် နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံလိုက်ရသည့်အတွက် ၁၀ ဦးတည်းဖြင့်  ကစားခဲ့ရပြီး  အသင်းမှ  ၁၉ နှစ်အရွယ်  လူငယ်ကစားသမားဆာကာ ဖန်တီးပေးမှုကို အူဘာမီယန်းက ကန်သွင်း ပြီး ချေပဂိုးရခဲ့သည်။

ထိုချေပဂိုးကြောင့် အာဆင်နယ်အသင်းသည် နောက်ဆုံးကစားသော အိမ်ကွင်းငါးပွဲ ဆက်ရှုံးရသည့်စံချိန်ဆိုးကို   မရရှိခဲ့ ခြင်းဖြစ်သည်။  ထိုပွဲတွင်  အူဘာမီယန်းသည်    နောက်ဆုံးခြောက်ပွဲကစားရာ၌ ပထမဆုံးဂိုးပြန်သွင်းနိုင်ခြင်း ဖြစ်သည်။

အာဆင်နယ်သည် ကစားသမား ၁၀ ဦးတည်းဖြင့် ခံစစ်ကို အဓိကအားပြုကစားပြီး ဆောက်သမ်တန်၏ ဆက်တိုက်ဖိ အားပေးကစားခြင်းကို ထိန်းချုပ်နိုင်ခဲ့ကာ ပွဲပြီးခါနီး ဟိုးလ်ဒင်း၏ ခေါင်းတိုက်ချက် ဘားတန်း မထိဘဲ  ဂိုးဝင်ခဲ့လျှင်  အနိုင်ရမည့်အနေ အထားရှိခဲ့သည်။  အိမ်ကွင်း၌   နိုင်ပွဲမရသော်လည်း အာတီတာက  ကစားသမား တွေက ကျွန်တော်မျှော်လင့်တဲ့ အရာတွေကို လုပ်ပြသွားခဲ့ကြတယ်။  စိတ်ဓာတ်ပြင်းပြမှုကို ပြသခဲ့လို့  ဒီပွဲကစပြီး  အကောင်းဆုံး ရလဒ်တွေ ပြန်ရနိုင်ဖို့လည်း မျှော်လင့်တယ်ဟု ပြောသည်။                  

Ref:BBC