ရီးယဲလ်မက်ဒရစ်အသင်းနှင့်ပွဲစဉ်တွင် ဘာစီလိုနာအသင်းမှ လီဝန်ဒေါစကီး ယာမယ်နှင့် နည်းပြဟန်ဆီဖလစ်တို့ မှတ်တမ်းကောင်းများရရှိ

 

ရီးယဲလ်မက်ဒရစ်အသင်းနှင့်ပွဲစဉ်တွင် ဘာစီလိုနာအသင်းမှ လီဝန်ဒေါစကီး ယာမယ်နှင့် နည်းပြဟန်ဆီဖလစ်တို့ မှတ်တမ်းကောင်းများရရှိ

 

မက်ဒရစ်  အောက်တိုဘာ  ၂၈

     ရီးယဲလ်မက်ဒရစ်အသင်းနှင့် ဘာစီလိုနာအသင်းတို့    ကစားသည့်ပွဲစဉ်တွင်  ဘာစီလိုနာအသင်းမှ  လီဝန်ဒေါစကီး၊ ယာမယ်နှင့် နည်းပြဟန်ဆီဖလစ်တို့ စံချိန်တင်  မှတ်တမ်းကောင်းများ ရရှိခဲ့ကြကြောင်း  သိရသည်။

ဘာစီလိုနာအသင်းက  ရီးယဲလ်မက်ဒရစ်အသင်းကို ၄ ဂိုး-ဂိုးမရှိဖြင့်   ဂိုးပြတ်အနိုင်ရရှိသည့် ပွဲစဉ်တွင် ဘာစီလိုနာအသင်းမှ    လီဝန်ဒေါစကီးနှင့် ယာမယ်တို့သည် အသင်းအတွက် သွင်းဂိုးများ အသီးသီး သွင်းယူပေးပြီးနောက်  လီဝန်ဒေါစကီးသည် နှစ်သင်းတွေ့ဆုံသော   လာလီဂါပွဲစဉ် သမိုင်းတစ်လျှောက်   အသက်အကြီးဆုံး သွင်းဂိုးရှင်အဖြစ်   မှတ်တမ်းဝင်ခဲ့သကဲ့သို့ ယာမယ်သည်လည်း အသက် ၁၇ နှစ်သာရှိသေးသည့်အတွက် နှစ်သင်းတွေ့ဆုံသည့် လာလီဂါပွဲစဉ် သမိုင်းတစ်လျှောက်  အသက်အငယ်ဆုံး သွင်းဂိုးရှင်အဖြစ်  စံချိန်တင် မှတ်တမ်းကောင်းများ ရရှိခဲ့သည်။

အလားတူ   ယခုဘောလုံးရာသီတွင် ဘာစီလိုနာ အသင်းကို ရလဒ်ကောင်းများ ရရှိအောင် စွမ်းဆောင် ထားနိုင်သည့်  နည်းပြဟန်ဆီဖလစ်သည် ယခုပွဲစဉ်တွင် အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ပြီးနောက် ၁၉၈၄ ခုနှစ်က  နည်းပြတယ်ရီဗာနေဘယ်နောက်ပိုင်း ဘာစီလိုနာအသင်းနည်းပြအဖြစ်   ရီးယဲလ်မက်ဒရစ်အသင်း အိမ်ကွင်းပထမဆုံးပွဲစဉ်၌   ပထမဆုံးအနိုင်ရရှိသည့် နည်းပြအဖြစ် မှတ်တမ်းကောင်း တစ်ရပ်ကို ရရှိခဲ့ကြောင်း သိရသည်။

Dates: 
Tuesday, October 29, 2024 - 05:26