မန်ယူအသင်းနည်းပြသစ် ရာထူးအတွက် ယာယီနည်းပြ ဗန်နစ္စတယ်ရွိုင်း ထိပ်ဆုံးမှရေပန်းစားနေပြီး နည်းပြဇာဗီက ဒုတိယနေရာ၌ ရပ်တည်နေ

 

မန်ယူအသင်းနည်းပြသစ် ရာထူးအတွက် ယာယီနည်းပြ ဗန်နစ္စတယ်ရွိုင်း ထိပ်ဆုံးမှရေပန်းစားနေပြီး နည်းပြဇာဗီက ဒုတိယနေရာ၌ ရပ်တည်နေ

 

မန်ချက်စတာ  အောက်တိုဘာ ၂၉

မန်ယူအသင်းက အသင်းမှ နည်းပြတန်ဟတ်ကို ရာထူးမှထုတ်ပယ်ခဲ့ပြီးနောက် နည်းပြသစ်ခန့်အပ် ရန်ကြိုးပမ်းလျက်ရှိရာ ယာယီနည်းပြအဖြစ် တာဝန်ယူ ကိုင်တွယ်နေသည့်    နည်းပြ   ဗန်နစ္စတယ်ရွိုင်းက   ထိပ်ဆုံးမှ ရေပန်းစားနေပြီး  နည်းပြဇာဗီက  ဒုတိယ နေရာ၌ ရပ်တည်နေကြောင်း သိရသည်။

‌မန်ယူအသင်းသည်  ယခုဘောလုံး ရာသီအစပိုင်း တွင်ပင် ရလဒ်များဆက်တိုက် ဆိုးရွားနေပြီး  ပြိုင်ပွဲစုံနောက်ဆုံး ကစားခဲ့သည့်ရှစ်ပွဲတွင် တစ်ပွဲသာအနိုင် ရရှိသောကြောင့် မန်ယူအသင်းက ဝက်စ်ဟမ်းအသင်းကို ရှုံးနိမ့်သည့်ပွဲစဉ်အပြီးတွင်  နည်းပြတန်ဟတ်ကို  ရာထူးမှထုတ်ပယ်ရန်  ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

မန်ယူအသင်းသည် နည်းပြတန်ဟတ်ကို ရာထူးမှ ထုတ်ပယ်ပြီးနောက်   ၎င်း၏နေရာ၌ အစားထိုးရန် ကြိုးပမ်းမှုများ    လုပ်ဆောင်လျက်ရှိသော်လည်း    ယာယီနည်းပြအဖြစ် ဗန်နစ္စတယ်ရွိုင်းကို ခန့်အပ်ခဲ့ပြီး   နည်းပြသစ်မခန့်အပ်မီ အချိန်ထိ  နည်းပြ ဗန်နစ္စတယ်ရွိုင်းကို    ခန့်အပ်တာဝန်ပေးအပ်မည် ဖြစ်သည်။ နည်းပြဗန်နစ္စတယ်ရွိုင်း အနေဖြင့် နည်းပြဟောင်းတစ်ဦးဖြစ်သည့် ဆိုးလ်ရှားကဲ့သို့ ယာယီနည်းပြဘဝတွင် ရလဒ်ကောင်းများရရှိအောင် စွမ်းဆောင်နိုင်ပါက ယခုဘောလုံးရာသီအကုန်တွင် အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခံရဖွယ်ရှိနေသည်။

မန်ယူအသင်းက လက်ရှိတွင် နည်းပြသစ်ရှာဖွေမှုများ လုပ်ဆောင်လျက်ရှိသော်လည်း ယာယီနည်းပြ ဗန်နစ္စတယ်ရွိုင်းကိုအခွင့်အရေးများပေးထားပြီး လာမည့်ပွဲစဉ်များတွင် ရလဒ်ကောင်းများ ရရှိအောင် စွမ်းဆောင်နိုင်ပါက အမြဲတမ်းနည်းပြအဖြစ် ခန့်အပ် ဖွယ်ရှိနေသည်။

မန်ယူအသင်းသည်  နည်းပြတန်ဟတ်ကို  မခန့် အပ်မီကတည်းက အသင်း တာဝန်ရှိသူများအနေဖြင့် စပိန်နိုင်ငံသို့ သွားရောက်ကာ   ဘာစီလိုနာအသင်း နည်းပြဟောင်း ဇာဗီနှင့် ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည့်အတွက် နည်းပြ ဇာဗီကလည်း နည်းပြဗန်နစ္စတယ်ရွိုင်းနောက်တွင် ဒုတိယနေရာ၌ ရပ်တည်နေပြီး ၎င်းတို့နှစ်ဦးနောက်၌ အင်္ဂလန်အသင်း နည်းပြဟောင်း ဆောက်ဂိတ်က တတိယနေရာ၌ ရပ်တည်နေကာ စပို့တင်းလစ္စဘွန်း အသင်းနည်းပြ အမော်ရင်က စတုတ္ထနေရာ၌ ရပ်တည်နေကြောင်း သိရသည်။         

Dates: 
Wednesday, October 30, 2024 - 06:30