ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု(Ballon D'or)ကို စပိန်အသင်းနှင့် မန်စီးတီးအသင်း ကွင်းလယ်ကစားသမား ရိုဒရီဆွတ်ခူး
ပဲရစ် အောက်တိုဘာ ၂၉
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)နှင့် ပြင်သစ်နိုင်ငံ အခြေစိုက် ပြင်သစ်မဂ္ဂဇင်းတို့က ရွေးချယ်ပေးအပ်သော ဘောလုံးလောကတွင် ဂုဏ်သိက္ခာအမြင့်မား ဆုံးဆုဖြစ်သည့် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု (Ballon D'or)ကို စပိန်အသင်းနှင့် မန်စီးတီးအသင်း ကွင်းလယ်ကစားသမား ရိုဒရီက ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ၂၀၂၃ ခုနှစ် သြဂုတ်လ ၁ ရက်မှ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၃၁ ရက်အတွင်း ကစား သမားများ၏ နိုင်ငံအသင်းနှင့် ကလပ်အသင်းများ အတွက် စွမ်းဆောင်ရည်များကို အခြေခံပြီး စိစစ်ရွေးချယ်ခဲ့ခြင်းဖြစ်ကာ အစောပိုင်းက ဘရာဇီးအသင်း နှင့် ရီးယဲလ်မက်ဒရစ်အသင်းမှ ဗင်နီစီးယက်စ်က ဆုရရှိရန် ထိပ်ဆုံးမှ ရေပန်းစားခဲ့သော်လည်း ယခု အခါ ရိုဒရီက ဗင်နီစီးယက်စ်ကို ကျော်ဖြတ်၍ ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။
ရိုဒရီသည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က သတ်မှတ်ထားသည့် ကာလအတွင်း မန်စီးတီးအသင်းနှင့်အတူ ပရီးမီးယားလိဂ်ဖလား၊ ကလပ်ကမ္ဘာ့ဖလား၊ ဥရောပ စူပါဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ကာ မန်စီးတီးအသင်း တွင် အရေးအပါဆုံး ကစားသမားအဖြစ် ရပ်တည်နိုင် ခဲ့သူဖြစ်သည်။
အလားတူ ရိုဒရီသည် အဆိုပါကာလအတွင်း စပိန်အသင်းနှင့်လည်း ယူရို ၂၀၂၄ ဆုဖလားဆွတ်ခူးနိုင်ခဲ့ပြီး ကလပ်အသင်းနှင့် နိုင်ငံအသင်းတို့တွင် ဆုဖလားများ ဆွတ်ခူးနိုင်ခဲ့ပြီးနောက် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု(Ballon D'or) ကို ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။