မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်း၊ သစ္စာအားမာန်အသင်းနှင့် ISPE အသင်းတို့ နိုင်ပွဲအသီးသီးရရှိ ရန်ကုန် အောက်တိုဘာ ၃၀ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူးကျင်းပလျက်ရှိသည့် မြန်မာအမျိုးသမီး

 

မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်း၊ သစ္စာအားမာန်အသင်းနှင့် ISPE အသင်းတို့ နိုင်ပွဲအသီးသီးရရှိ

 

ရန်ကုန်  အောက်တိုဘာ  ၃၀

      မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်  မြန်မာနေရှင်နယ်လိဂ်ကော်မတီက     ကြီးမှူးကျင်းပလျက်ရှိသည့်   မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၂၀)ပွဲစဉ်များကို   ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့၌   ကျင်းပရာ ရန်ကုန်ယူနိုက်တက်အသင်း၊ သစ္စာအားမာန်အသင်းနှင့်     ISPE အသင်းတို့ နိုင်ပွဲ အသီးသီး ရရှိခဲ့ကြကြောင်း သိရသည်။

မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၂၀)အဖြစ် ယနေ့ညနေ ၃ နာရီခွဲတွင် ရန်ကုန်မြို့ ပဒုမ္မာအားကစားကွင်း၌  မြဝတီအသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ကစားခဲ့ရာ    ရန်ကုန်ယူနိုက်တက် အသင်းက ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး   ရန်ကုန်ယူနိုက်တက်အသင်းအတွက်   တစ်လုံးတည်းသော သွင်းဂိုးကို   ဇင်မိုးပြည့်က သွင်းယူပေးနိုင်ခဲ့သည်။

အလားတူ  ညနေ ၃ နာရီခွဲတွင် စလင်းအားကစားကွင်း၌  ရှမ်းယူနိုက်တက်အသင်းနှင့်   ISPE  အသင်းတို့ ကစားခဲ့ရာ ISPE အသင်းက ၃ ဂိုး ၁ ဂိုးဖြင့်  အနိုင်ရရှိခဲ့ပြီး ISPE   အသင်းအတွက် သွင်းဂိုးများကို ရွှေရည်ထွန်း၊  ဟေမာန်စိုး၊ လင်းမြင့်မိုရ်တို့က  သွင်းယူပေးနိုင်ခဲ့ပြီး ရှမ်းယူနိုက်တက်အသင်းအတွက် တစ်လုံးတည်းသောသွင်းဂိုးကို  အေးမြတ်ခိုင်က သွင်းယူနိုင်ခဲ့သည်။

ဆက်လက်ပြီး ညနေ ၃ နာရီခွဲတွင် YUSCအားကစားကွင်း၌  ဧရာဝတီအသင်းနှင့် သစ္စာအားမာန်အသင်းတို့     ကစားခဲ့ရာ သစ္စာအားမာန်အသင်းက ၂ ဂိုး ဂိုးမရှိဖြင့်အနိုင် ရရှိခဲ့ကြောင်း သိရသည်။      

Dates: 
Thursday, October 31, 2024 - 04:11