နာနတ်သီးနှင့်ကျန်းမာရေး ကောင်းကျိုးများအကြောင်း
နာနတ်သီးရဲ့ ချိုချဉ်အရသာကို လူ အများစုက ကြိုက်နှစ်သက်ကြပါတယ်။အရောင်အဆင်းကလည်း ဝင်းဝင်းဝါဝါ နဲ့ဆွဲဆောင်မှုရှိပြီး စားချင်စဖွယ်ကောင်း ပါတယ်။ ဒါ့ပြင် ရာသီပေါ်သီးနှံလည်းဖြစ် တာကြောင့် နာနတ်သီးပေါ်ချိန်မှာတော့ မြန်မာလူမျိုးတွေ နှစ်နှစ်ခြိုက်ခြိုက်စားသုံးကြပါတယ်။ နာနတ်သီးက အရောင် အဆင်း၊ အနံ့အရသာနဲ့ ပြည့်စုံတဲ့အပြင်ကောင်းကျိုးတွေလည်း များစွာရှိပါတယ်။
နာနတ်သီးက ဓာတ်တိုးပစ္စည်းတွေရဲ့ဆိုးကျိုးကို တားဆီးပေးတယ်။ နာနတ် သီးမှာ အင်တီအောက်စီးဒင့်ကြွယ်ဝလို့ခန္ဓာကိုယ်တွင်းက ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေကို တိုက်ထုတ်ပေးပြီး ဆဲလ် တွေပျက်စီးမှုကနေ ကာကွယ် ပေးပါတယ်။ အင်တီအောက်စီးဒင့်က သွေးကြောနံရံမှာ အဆီဖတ်ကပ်ငြိနေတာ၊ နှလုံးရောဂါ၊ အဆစ်အမျက်ရောင်ရောဂါနဲ့ ကင်ဆာရောဂါတချို့ကိုမဖြစ်ပွားအောင် ကာကွယ် ပေးနိုင်ပါတယ်။
သွေးဖိအားပုံမှန်ဖြစ်စေပါတယ်။ သွေး တိုးရောဂါရှိသူတွေအနေနဲ့ သွေးဖိအားမြင့်မားမှုကနေ ကာကွယ်နိုင်အောင်နာနတ်သီးကို ပုံမှန်စားသုံးပေးသင့်ပါတယ်။ နာနတ်သီးထဲမှာ ပိုတက်ဆီယမ်များစွာပါဝင်ပြီး ဆိုဒီယမ်ပါဝင်မှုနည်းတာကြောင့် သွေးဖိအားကိုပုံမှန်ဖြစ်အောင် ထိန်းပေး နိုင်ပါတယ်။
နာနတ်သီးက အအေးမမိအောင် ကာကွယ်ပေးပါတယ်။ နာနတ်သီးက ဗီတာမင်စီကြွယ်ဝတာကြောင့် ပိုးမွှားတွေ ကူးစက်မှုကနေ တိုက်ထုတ်နိုင်စွမ်းရှိတယ်။ ဆရာဝန်ညွှန်ကြားတဲ့ ဆေးဝါးတွေ ကို သောက်သုံးနေစဉ်မှာ နာနတ်သီးကိုစားပေးရင် အအေးမိဝေဒနာတွေသက်သာ စေပြီး တုပ်ကွေးဖြစ်ပြီးနောက် ချောင်းဆိုး တာမကျန်အောင် ကူညီပေးပါတယ်။
အစာချေဖျက်မှု ကောင်းမွန်စေတယ်။ နာနတ်သီးမှာ ဘရိုမီလင်အင်ဇိုင်း၊ ဗီတာမင်စီနဲ့ အမျှင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် အစာချေဖျက်မှုကို ကောင်းမွန်စေပါတယ်။ အူလမ်းကြောင်းမှာရှိတဲ့ သန်ကောင်၊ တုတ်ကောင်တွေ ဖယ်ရှားပေးတယ်။ နာနတ်သီးထဲမှာ အစာခြေအင်ဇိုင်းဖြစ်တဲ့ ဘရိုမီလင်ပါဝင်တယ်။ နာနတ်သီးကို ပုံမှန်စားပေးခြင်းဖြင့် အူလမ်းကြောင်းထဲမှာရှိတဲ့ သန်ကောင်၊ တုတ်ကောင်တွေကို ဖယ်ရှားနိုင်တယ်။ အရိုးတွေကို သန်မာစေတယ်။ နာနတ်သီးမှာ မဂ္ဂနီစီယမ်ကြွယ်ဝစွာပါဝင်လို့ အရိုးနဲ့တွယ်ဆက်တစ်သျှူးတွေကို သန်မာစေပါတယ်။ နာနတ်သီးဖျော်ရည်တစ်ခွက်ကနေ တစ်နေ့တာလိုအပ်တဲ့ မဂ္ဂနီစီယမ်ပမာဏရဲ့ ၇၃ ရာခိုင်နှုန်းခန့်ရရှိနိုင်တယ်။ ပျို့အန်တာ သက်သာစေတယ်။ နာနတ်သီးဖျော်ရည်ကို ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်တတ်တဲ့ ပျို့အန်ချင်တာနဲ့ ခရီးသွားလို့မူးမော်ပြီး ပျို့အန်ချင်တာတွေအတွက် သောက်သုံးနိုင်ပါတယ်။
သွားဖုံးတွေ ကျန်းမာစေပါတယ်။နာနတ်သီးက သွားဖုံးတွေကို ကျန်းမာ စေပြီး သွားဖုံးရောဂါတွေဖြစ်ပွားမှုကနေ ကာကွယ်ပေးပါတယ်။ သွားဖုံးတွေကျန်းမာတာကြောင့် သွားတွေပျက်စီးဆုံးရှုံးမှုဖြစ်နိုင်ခြေနည်းစေတယ်။
ဝက်ခြံတွေကို ကုသနိုင်ပါတယ်။ ဝက်ခြံ ကုသဖို့ နာနတ်သီးကိုစားသုံးတာ ဖြစ်စေ၊ အရေပြားပေါ်တိုက်ရိုက်လိမ်းတာဖြစ်စေပြုလုပ်နိုင်ပါတယ်။ နာနတ်သီးမှာ ပါဝင်တဲ့ ဘရိုမီလင်အင်ဇိုင်းက ရောင်ရမ်း မှုတွေကိုလျော့နည်းစေပြီး ဗီတာမင်စီက အနာကျက်မြန်စေပါတယ်။
မျက်စိမြင်လွှာ ပျက်စီးမှုကနေ ကာကွယ်ပေးတယ်။ မျက်စိမြင်လွှာပျက်စီးတာကြောင့် အမြင်အာရုံဆုံးရှုံးမှုမဖြစ် အောင် ကာကွယ်ပေးနိုင်ပါတယ်။ နာနတ်သီးထဲမှာ ဘီတာကယ်ရိုတင်းပါဝင်လို့ အမြင်အာရုံ ကောင်းမွန်စေတဲ့အပြင် မျက်စိကျန်းမာ ရေးကို ပိုမိုကောင်းမွန်စေပါတယ်။နာနတ်သီးက အရေပြားကိုတင်းရင်းစေတဲ့ ကော်လာဂျင်ထုတ်လုပ်မှုအားကောင်း ပါတယ်။ ကော်လာဂျင်ထုတ်လုပ်မှုကောင်း တာကြောင့် အရေပြားကျုံ့ဆန့်နိုင်စွမ်း ကိုကောင်းမွန်စေတယ်။ အမိုင်နိုအက်စစ် နဲ့ ဗီတာမင်တွေပါဝင်လို့ အရေပြားကိုအားဖြည့်ပေးပါတယ်။ ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး ဆဲလ်အသစ်ဖြစ်ပေါ်မှုကိုအားပေးတယ်။ နာနတ်သီးကိုစိတ်ပြီး အရည်ညှစ်ပြီးရလာတဲ့အရည်ကို မျက် ကွင်းတစ်ဝိုက်ရှောင်၍ မျက်နှာပေါ်လိမ်း ပေးပါ။ ၁၀ မိနစ်ထားပြီးမှ ရေကြက်သီးနွေးနဲ့ သန့်စင်အောင်ဆေးကြောသင့်ပါ တယ်။
နာနတ်သီးမှာ ရောင်ရမ်းမှုတွေလျော့ နည်းစေတဲ့ အာနိသင်ရှိလို့ အရိုးအဆစ်တွေ ရောင်ရမ်းနာကျင်မှုမဖြစ်အောင် တားဆီးပေးပါတယ်။လတ်ဆတ်တဲ့နာနတ်သီးကို အရည် ညှစ်ယူပြီး အရေပြားပေါ်မှာ ညင်သာစွာ ပွတ်ပေးသင့်တယ်။ ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး သွေးစီးဆင်းမှုကို ကောင်း မွန်စေလို့ အရေပြားနုပျိုလှပစေပါတယ်။နှာခေါင်းတွင်း လေအိတ်ရောင်ရမ်းတာ၊ လည်ချောင်းနာတာ၊ ဂေါက်ရောဂါ မဖြစ်အောင် တားဆီးပေးပါတယ်။
နာနတ်သီးမှာပါဝင်တဲ့ ဘရိုမီလင်အင်ဇိုင်းက နှာခေါင်းတွင်း လေအိတ်ရောင်ရမ်းတာမဖြစ်အောင် ကာကွယ်ပေး တဲ့အပြင် လည်ချောင်းနာတာ၊ ဂေါက်ရောဂါနဲ့ တခြားရောင်ရမ်းမှုတွေမဖြစ်အောင်လည်း တားဆီးပေးပါတယ်။
ခြေဖဝါးကွဲအက်တာတွေကို ပျောက်ကင်းစေတယ်။ နာနတ်သီးကို သဘာဝကြေးချွတ်သန့်စင်မှု ပြုလုပ်ဖို့အတွက်အသုံးပြုနိုင်တယ်။ နာနတ်သီးက အရေပြားကွဲအက်ပြီး ကွာကျတာတွေကို ဖယ်ရှားပေးပြီး အသားအရေကို နူးညံ့ချောမွေ့လှပစေပါတယ်။ ရောင်ရမ်းမှုတွေ ကိုလျော့နည်းစေပြီး ခြေဖဝါးကွဲအက် တာကိုသက်သာစေပါတယ်။
ကင်ဆာရောဂါမဖြစ်အောင် ကာကွယ် ပေးပါတယ်။ နာနတ်သီးထဲမှာ အင်တီအောက်စီးဒင့်တွေပါဝင်တာကြောင့် ဓာတ် တိုးပစ္စည်းတွေကို ဆန့်ကျင်တိုက်ထုတ် ပေးပါတယ်။ ဆဲလ်တွေပျက်စီးမှုကနေ ကာကွယ်ပေးတဲ့အပြင် ကင်ဆာရောဂါ ဖြစ်ပွားမှုကနေ ကာကွယ်ပေးပါတယ်။
လက်သည်း၊ ခြေသည်းတွေကို နူးညံ့လှပပြီး သန်မာစေပါတယ်။ ခန္ဓာကိုယ်မှာ ဗီတာမင်အေချို့တဲ့လာရင် လက်သည်း၊ခြေသည်းတွေခြောက်ပြီး ကွဲအက်နိုင်ပါ တယ်။ ဗီတာမင်ဘီချို့တဲ့ရင်လည်းလက်သည်း၊ ခြေသည်းတွေခြောက်သွေ့ပြီး ကွဲအက်စေပါတယ်။ နာနတ်သီးစားသုံး တာအပြင် လက်သည်း၊ ခြေသည်းတွေပေါ်လိမ်းပေးတာကလည်း ပိုးဝင်တာကိုဖယ်ရှားနိုင်ပြီး လက်သည်း၊ ခြေသည်းတွေကို ပိုမိုသန်မာစေပါတယ်။
နာနတ်သီးကိုနေ့စဉ်စားသုံးရင် သွေး ကြောနံရံမှာ အဆီဖတ်တွေကပ်ငြိမှုကနေ ကာကွယ်ပေးပါတယ်။ ဓာတ်တိုးပစ္စည်း တွေက သွေးကြောနံရံမှာ အဆီဖတ်တွေ ကပ်ငြိမှုကိုအားပေးပါတယ်။
နာနတ်သီးမှာပါဝင်တဲ့ အင်တီအောက်စီး ဒင့်တွေက ဓာတ်တိုးပစ္စည်းတွေနဲ့သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောအဆီတွေ ကို ဖယ်ရှားပေးလို့ နှလုံးရောဂါမဖြစ်ပွား အောင် ကာကွယ်ပေးတယ်။
ခုခံစွမ်းအားမြင့်မားစေပါတယ်။ နာနတ်သီးထဲမှာ အင်တီအောက်စီးဒင့်ဖြစ်တဲ့ဗီတာမင်စီပါဝင်လို့ ခုခံစွမ်းအားမြင့်မားစေ ပါတယ်။
အရေပြားကို ရေဓာတ်ဖြည့်ပေးပါတယ်။ ခြောက်သွေ့နေတဲ့ အရေပြားကဆွဲဆောင်မှုမရှိဘဲ မွဲခြောက်ခြောက်နဲ့ကြည့်ရဆိုးပါတယ်။ နာနတ်သီးကို အရေပြားရေဓာတ်ပြည့်ဝစေဖို့အတွက် အသုံးပြုနိုင်ပါတယ်။ နာနတ်သီးကိုအခွံနွှာ၊ထမင်းစားဇွန်းသုံးဇွန်းစာ ကြိတ်ခြေပြီး ကြက်ဥတစ်လုံးနဲ့ နို့အနည်းငယ်ရော ထည့်ကာ ခြောက်သွေ့တဲ့အရေပြားပေါ် လိမ်းပေးနိုင်တယ်။ အချိန်အနည်းငယ် ထားပြီးနောက် ရေကြက်သီးနွေးနဲ့သန့်စင် ပေးနိုင်တယ်။
နှုတ်ခမ်းခြောက်တာ သက်သာစေတယ်။ နာနတ်သီးကို အရည်ညှစ်ပြီး အုန်းဆီအနည်းငယ်ရောပြီး လိမ်းရင် နှုတ်ခမ်းခြောက်တာသက်သာစေပါတယ်။ နှုတ်ခမ်းကို ရေဓာတ်နဲ့ အာဟာရဓာတ်တွေ ဖြည့်ပေးတာကြောင့် နှုတ်ခမ်းခြောက်တာ သက်သာပြီး နှုတ်ခမ်းသားကိုနူးညံ့စေတယ်။
အဆုတ်လေပြွန်ရောင်ရမ်းမှုသက်သာစေတယ်။ နာနတ်သီးမှာ ရောင်ရမ်းမှုကိုလျော့နည်းစေတဲ့ အာနိသင်ရှိလို့ အဆုတ် လေပြွန်တွေရဲ့ရောင်ရမ်းမှုကို လျော့နည်း စေပါတယ်။ဆံပင်ထူစေတယ်။ နာနတ်သီးကိုအရည်ညှစ်ပြီး ဦးရေပြားပေါ်လိမ်းပေးပါ။ ၁၅ မိနစ်ထားပြီး ရေနဲ့သန့်စင်ပြီး လျှော် နေကျ ခေါင်းလျှော်ရည်နဲ့လျှော်ပေးပါ။ နာနတ်သီးထဲမှာပါတဲ့ အင်ဇိုင်းက ဦးရေ ပြားကို အားဖြည့်ပေးလို့ ဆံပင်သန်၊ဆံပင်ပေါက်တာကို အားပေးပါတယ်။
နာနတ်သီးထဲမှာပါဝင်တဲ့ ဗီတာမင်စီ က ဆံပင်ကျွတ်တာ၊ ဆံပင်ကျဲတာ၊ ဆံပင် အဖျားနှစ်ခွဖြစ်တာ ကာကွယ်ပေးပြီး ဆံပင်ထူစေပါတယ်။ နာနတ်သီးထဲမှာပါဝင်တဲ့ ဗီတာမင်စီ၊ ဘရိုမီလင်အင်ဇိုင်း တို့က ဓာတ်တိုးဆန့်ကျင်အာနိသင်နဲ့ရောင်ရမ်းမှုကိုလျော့နည်းစေတဲ့ အာနိသင်ရှိပါတယ်။ ဒါ့ပြင် ဦးရေပြားပိုးဝင်ရောက်မှုကို တားဆီးပေးလို့ ဆံပင်ကျွတ်တာ၊ ဆံပင်ကျဲတာ၊ ဆံပင်အဖျားနှစ်ခွဖြစ်တာ ကာကွယ်ပေးပြီး ဆံပင်ထူစေပါတယ်။ ။