ဘာစီလိုနာအသင်းက တောင်ပံတိုက်စစ်ကစားသမား ရာဖင်ဟာကို သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန်ပြင်ဆင်နေ
ဘာစီလိုနာ အောက်တိုဘာ ၃၁
ဘာစီလိုနာအသင်းက အသင်းနှင့်အတူ အကောင်း ဆုံးခြေစွမ်းပြလျက်ရှိသည့် တောင်ပံတိုက်စစ် ကစားသမား ရာဖင်ဟာကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် ပြင်ဆင်နေကြောင်း သိရသည်။
အသက် ၂၇ နှစ်အရွယ် ရာဖင်ဟာသည် ၂၀၂၂ ခုနှစ်က လိဒ်ယူနိုက်တက်အသင်းမှ ဘာစီလိုနာအသင်း သို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်ကာ အသင်းနှင့်အတူ ဘောလုံးရာသီတိုင်းတွင် အကောင်းဆုံးခြေစွမ်းပြ နိုင်ခဲ့ပြီး လက်ရှိဘောလုံးရာသီတွင်လည်း ဂိုးသမား တာစတီဂန်၏နောက်၌ ဒုတိယအသင်းခေါင်းဆောင် အဖြစ်ပါ တာဝန်ယူနေသူဖြစ်သည်။
လက်ရှိ ရာဖင်ဟာနှင့် ဘာစီလိုနာအသင်းတို့၏ စာချုပ်သက်တမ်းမှာ ၂၀၂၇ ခုနှစ် ဇွန်လမှသာ ကုန်ဆုံး မည်ဖြစ်သော်လည်း ပြီးခဲ့သည့်နွေရာသီကစားသမား အပြောင်းအရွှေ့ကာလက ဆော်ဒီထိပ်တန်းကလပ် အသင်းများက မြင့်မားသည့်လုပ်ခလစာများဖြင့် ခေါ်ယူရန် ကြိုးပမ်းခဲ့သကဲ့သို့ လာမည့်အပြောင်း အရွှေ့ကာလများတွင်လည်း ထပ်မံကမ်းလှမ်းရန် ပြင်ဆင်နေသည့်အတွက် ဘာစီလိုနာအသင်းက အဓိက ကစားသမားတစ်ဦးကို လက်မလွှတ်လိုသောကြောင့် နောက်ထပ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် ပြင်ဆင်နေခြင်းဖြစ်သည်။
ရာဖင်ဟာသည် ယခုဘောလုံးရာသီတွင်လည်း အသင်းနှင့်အတူ စပိန်လာလီဂါပြိုင်ပွဲ၌ ၁၁ ပွဲကစား ပြီးချိန်တွင် ခြောက်ဂိုးသွင်းယူထားပြီး ဂိုးဖန်တီးမှု ခြောက်ကြိမ်ပြုလုပ်ထားကြောင်း သိရသည်။