AYA Bank Mandalar Futsal League 2024  ပြိုင်ပွဲ နောက်ဆုံးပွဲစဉ်နှင့် ဆုပေးပွဲအခမ်းအနားကို နိုဝင်ဘာလ ၃ ရက်တွင် ကျင်းပမည်

 

AYA Bank Mandalar Futsal League 2024  ပြိုင်ပွဲ နောက်ဆုံးပွဲစဉ်နှင့် ဆုပေးပွဲအခမ်းအနားကို နိုဝင်ဘာလ ၃ ရက်တွင် ကျင်းပမည်

 

မန္တလေး  နိုဝင်ဘာ    ၁

    မန္တလေးတိုင်းဒေသကြီး ဖူဆယ်နှင့်သဲသောင်ပြင်ကော်မတီက ကြီးမှူးကျင်းပလျက်ရှိသည့်  AYA  Bank  Mandalar Futsal League 2024 ပြိုင်ပွဲနောက်ဆုံးပွဲစဉ်များနှင့် ဆုပေးပွဲအခမ်းအနားကို နိုဝင်ဘာ လ ၃ ရက်တွင် မန္တလာသီရိအားကစားကွင်းရှိ ဘက်စုံသုံးအားကစားရုံ၌ ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

AYA Bank Mandalar Futsal League 2024  ပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း  ၁၀သင်းဖြင့်  ကျင်းပနေခြင်းဖြစ်ပြီး နောက်ဆုံးပွဲစဉ်ဖြစ်သည့် ပွဲစဉ်(၉)ပွဲစဉ်များကို နိုဝင်ဘာလ ၂ ရက်နှင့် ၃ ရက်တို့တွင် ကျင်းပသွားမည်ဖြစ်သည်။

AYA Bank Mandalar Futsal League 2024  ပြိုင်ပွဲ နောက်ဆုံးပွဲစဉ်များအဖြစ် နိုဝင်ဘာလ ၂ ရက် (ယနေ့) နံနက် ၈ နာရီတွင် MNN  အသင်းနှင့် Mogyo အသင်း၊ နံနက် ၉ နာရီ ၄၅ မိနစ်တွင် Black Wolves အသင်းနှင့် KH အသင်း၊ နိုဝင်ဘာလ ၃ ရက် နံနက် ၈ နာရီတွင် Pyae Sone အသင်းနှင့် Arr Man အသင်း၊ နံနက် ၉ နာရီ ၄၅ မိနစ်တွင် 135  Family အသင်းနှင့် TG United အသင်း၊ နံနက် ၁၁ နာရီတွင် BTB  အသင်းနှင့် AKS  အသင်းတို့ကစားသွားမည်ဖြစ်ပြီး နောက်ဆုံးပွဲစဉ်အပြီးတွင် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။

AYA Bank Mandalar Futsal League2024 ပြိုင်ပွဲတွင် AKS က ဂိုးကွာခြားချက်အသာဖြင့် အမှတ်ပေးဇယားထိပ်ဆုံးတွင် ရပ်တည်နေသော်လည်း   TG  United အသင်းကလည်း ရမှတ် ၂၁ မှတ်ဖြင့် ဒုတိယနေရာမှ    ဖိအားပေးနေသည့်အတွက် ချန်ပီယံဆုအတွက် နောက်ဆုံးပွဲစဉ်အထိ အဆုံးအဖြတ်    ကစားသွားရမည်ဖြစ်ကြောင်း သိရသည်။                

Dates: 
Saturday, November 2, 2024 - 13:10