(၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ဖိတ်ခေါ်ဂေါက်သီးရိုက်ပြိုင်ပွဲနှင့် တောင်တက် စက်ဘီးပြိုင်ပွဲကျင်းပ

 

(၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ဖိတ်ခေါ်ဂေါက်သီးရိုက်ပြိုင်ပွဲနှင့် တောင်တက် စက်ဘီးပြိုင်ပွဲကျင်းပ

 

ဘားအံ   နိုဝင်ဘာ   ၃

     နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျရောက်မည့် (၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ဖိတ်ခေါ်ဂေါက်သီးရိုက်ပြိုင်ပွဲ   ဖွင့်ပွဲကို   ယနေ့နံနက် ၇ နာရီတွင် ဘားအံ-လှိုင်းဘွဲ့ကားလမ်းမကြီးဘေးရှိ ဘားအံဂေါက်ကလပ်၌ ကျင်းပသည်။

အဆိုပါ ဂေါက်သီးရိုက်ပြိုင်ပွဲကို ဘားအံ၊ လှိုင်းဘွဲ့၊ သံတောင်ကြီး၊ ကော့ကရိတ်၊ ဖာပွန်၊ ကျိုက်ထို၊ ငန်းတေး၊ သထုံ၊ ဘုရားသုံးဆူ၊   ကြာအင်းဆိပ်ကြီးမြို့နယ်တို့မှ ဂေါက်သီးရိုက်အားကစားသမား ၁၄၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ က ဂေါက်သီးရိုက်၍ ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်ဂေါက်သီးရိုက် အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

အလားတူ  (၆၉)နှစ်မြောက်   ကရင်ပြည်နယ်နေ့အထိမ်းအမှတ်    ဖိတ်ခေါ်တောင်တက်စက်ဘီး(Mountain Bike) ပြိုင်ပွဲကို  ယနေ့နံနက်ပိုင်းတွင်   ကျင်းပရာ အမျိုးသားအသက် ၄၀ နှစ်နှင့်အထက်ပြိုင်ပွဲ၊ အသက်  ၄၀  နှစ်အောက်ပြိုင်ပွဲ၊ အမျိုးသမီး အလွတ်တန်းပြိုင်ပွဲ၊  အသက်   ၁၃  နှစ်အောက် ပြိုင်ပွဲဟူ၍ ပြိုင်ပွဲအမျိုးအစား လေးမျိုးခွဲ၍ကျင်းပခဲ့ပြီး    အမျိုးသားပြိုင်ပွဲကို လူမှုရေးရာဝန်ကြီးက ဇာသပြင်လမ်းဆုံ၌လည်းကောင်း၊ အမျိုးသမီးအလွတ်တန်းနှင့် အသက် ၁၃ နှစ်အောက်ပြိုင်ပွဲကို တိုင်းရင်းသားရေးရာဝန်ကြီးက ထုံးအိုင်လမ်းဆုံတွင် လည်းကောင်း သေနတ်ပစ်ဖောက် တာလွှတ်ပေးခဲ့သည်။  အမျိုးသားပြိုင်ပွဲတွင်   စတင်တာလွှတ်ရာ ဇာသပြင်လမ်းဆုံမှ ကြာအင်းတောင်ခြေထိ  ၃၉ ကီလိုမီတာ၊ ကြာအင်းတောင်ခြေမှ   ကြာအင်းတောင်ပေါ်သို့ ၆ ကီလိုမီတာ၊ အမျိုးသမီးအလွတ်တန်းနှင့် အသက် ၁၃ နှစ်အောက်ပြိုင်ပွဲတွင် စတင်တာလွှတ်ရာ  ထုံးအိုင်လမ်းဆုံမှ ကြာအင်းတောင်ခြေထိ ၁၇ ကီလိုမီတာ၊ ကြာအင်း

တောင်ခြေမှ  ကြာအင်းတောင်ပေါ်ထိ ၆ ကီလိုမီတာ ပြိုင်ပွဲဝင်ခဲ့ကြကာ ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုနှင့်    ပန်းဝင်လာမှုတို့အား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာ အဖွဲ့နာယက၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊  ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့် စက်ဘီးစီးအားကစား ဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါပြိုင်ပွဲသို့  ဘားအံ၊ လှိုင်းဘွဲ့၊ ရန်ကုန်၊   မန္တလေး၊  သံဖြူဇရပ်၊  မုဒုံ၊ မော်လမြိုင်မြို့တို့မှ ပြိုင်ပွဲဝင် စုစုပေါင်း ၁၄၉ ဦး  ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကြာအင်းတောင်ပေါ်၌ ဆက်လက်ကျင်းပရာ ပြည်နယ်အမျိုးသမီး ရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့ဝင်များ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်တို့က အမျိုးသမီးအလွတ်တန်း ပြိုင်ပွဲတွင် နှစ်သိမ့်ဆု ၆ မှ ၁၀ အထိ ရရှိကြသူများကိုလည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက အမျိုးသား ၄၀ နှစ်နှင့်အထက်  အမျိုးသား ၄၀ နှစ်အောက်ပြိုင်ပွဲတို့တွင် နှစ်သိမ့်ဆု ၆ မှ ၁၀ အထိရရှိကြသူများကို လည်းကောင်း၊ ပြည်နယ်လူမှုရေး ဝန်ကြီးဦးစောထွန်းအောင်က အမျိုးသား ၄၀နှစ်နှင့်အထက် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများကို လည်းကောင်း တစ်ဦးချင်း လည်ဆွဲဆု၊ ငွေသားဆုနှင့် ဆုဖလားများကိုပေးအပ်ချီးမြှင့်သည်။ ယင်းနောက်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ နာယက    ဒေါ်နန်းဘေဘီမြင့်က အမျိုးသမီးအလွတ်တန်း ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုနှင့်ဆုဖလားများကို   ပေးအပ်ချီးမြှင့်ကာပြည်နယ်ဝန်ကြီးချုပ်က အသက် ၁၃ နှစ်အောက်  အထူးဆုနှစ်ဆု၊ အသက် ၆၀ နှစ်အထက် အထူးဆုနှစ်ဆုနှင့်  အမျိုးသား ၄၀ နှစ်အောက်  တောင်တက်စက်ဘီးစီးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများအား တစ်ဦးချင်းလည်ဆွဲဆု၊  ငွေသားဆုနှင့်ဆုဖလားတို့ကို   ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။  

Dates: 
Monday, November 4, 2024 - 04:02