MYANMAR FOOTBALL ACADEMIES TOURNAMENT 2024 ပြိုင်ပွဲ  ဒုတိယနေ့ပွဲစဉ်များ ဆက်လက် ယှဉ်ပြိုင်

 

MYANMAR FOOTBALL ACADEMIES TOURNAMENT 2024 ပြိုင်ပွဲ  ဒုတိယနေ့ပွဲစဉ်များ ဆက်လက် ယှဉ်ပြိုင်

 

ရန်ကုန်     နိုဝင်ဘာ     ၃

      မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကြီးမှူးပြီး  ရန်ကုန်၊  မန္တလေး၊  နေပြည်တော် အကယ်ဒမီအသင်းများ၊ ISPE အသင်းများ ပါဝင်ယှဉ်ပြိုင်လျက်ရှိသည့်  MYANMAR FOOTBALL ACADEMIES TOURNAMENT 2024  ပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်များကို ယနေ့နံနက်ပိုင်းတွင်  ရန်ကုန်မြို့၌  ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။

MYANMAR FOOTBALL ACADEMIES TOURNAMENT 2024 ပြိုင်ပွဲ ဒုတိယနေ့ပွဲစဉ်များအဖြစ် ယနေ့နံနက် ၇ နာရီခွဲတွင် လေ့ကျင့်ရေးကွင်းအမှတ်(၁)၌     ISPE(မုံရွာ)အသင်းနှင့် တပ်မတော်ဘောလုံး အကယ်ဒမီအသင်းတို့ကစားခဲ့ရာ ISPE(မုံရွာ)အသင်းက ၃ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး  လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ ISPE(မော်လမြိုင်)အသင်းနှင့် ရန်ကုန်အကယ်ဒမီ(B)အသင်းတို့ကစားခဲ့ရာ ISPE (မော်လမြိုင်)အသင်းက ၃ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။

ဆက်လက်ပြီး ညနေ ၃ နာရီခွဲတွင်လေ့ကျင့်ရေးကွင်းအမှတ်(၁)၌   ISPE(ရန်ကုန်)အသင်းနှင့် မန္တလေးအကယ်ဒမီ(A)အသင်းတို့ကစားခဲ့ရာ မန္တလေးအကယ်ဒမီ(A)အသင်းက ၂ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့ပြီး   လေ့ကျင့်ရေးကွင်း အမှတ်(၂)၌ ISPE(မန္တလေး)အသင်းနှင့်    ရန်ကုန်အကယ်ဒမီ(A)အသင်းတို့ ကစားခဲ့ရာ ISPE(မန္တလေး)အသင်းက  ၅  ဂိုး  ၁ ဂိုးဖြင့်အနိုင်ရရှိခဲ့ကြသည်။

MYANMAR FOOTBALL ACADEMIES TOURNAMENT 2024  ပြိုင်ပွဲ တတိယနေ့ပွဲစဉ်များအဖြစ် နိုဝင်ဘာလ ၄ ရက် နံနက် ၇ နာရီခွဲတွင် လေ့ကျင့်ရေးကွင်းအမှတ်(၂)၌ တပ်မတော်ဘောလုံး အကယ်ဒမီအသင်းနှင့် ISPE(မော်လမြိုင်)အသင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ မန္တလေးအကယ်ဒမီ(C )အသင်းနှင့် ISPE(မုံရွာ)အသင်း၊ ညနေ ၃ နာရီခွဲတွင် လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ မန္တလေးအကယ်ဒမီ(A)အသင်းနှင့် ISPE(မန္တလေး)၊ လေ့ကျင့်ရေးကွင်းအမှတ်(၂)၌ မန္တလေးအကယ်ဒမီ(B)အသင်းနှင့် ISPE(ရန်ကုန်) အသင်းတို့ ဆက်လက် ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

Dates: 
Monday, November 4, 2024 - 05:49