ဘုန်းမောက်စ်အသင်းကို ၂ ဂိုး- ၁ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် မန်စီးတီးအသင်း ပရီးမီးယား လိဂ်ပြိုင်ပွဲ ၃၂ ပွဲဆက် ရှုံးပွဲမရှိ စံချိန်ရပ်တန့်

 

ဘုန်းမောက်စ်အသင်းကို ၂ ဂိုး- ၁ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် မန်စီးတီးအသင်း ပရီးမီးယား လိဂ်ပြိုင်ပွဲ ၃၂ ပွဲဆက် ရှုံးပွဲမရှိ စံချိန်ရပ်တန့်

 

မန်ချက်စတာ နိုဝင်ဘာ ၃

‌     ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်(၁၀)အဖြစ်   ကစားသည့် ဘုန်းမောက်စ်အသင်းနှင့် မန်စီးတီးအသင်းတို့ ပွဲစဉ်တွင်   မန်စီးတီးအသင်းအနေဖြင့် ၂ ဂိုး- ၁ ဂိုး ဖြင့်ရှုံးနိမ့်ပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲ ၃၂ ပွဲဆက်  ရှုံးပွဲမရှိစံချိန် ရပ်တန့်ခဲ့ရကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင်   မန်စီးတီးအသင်းသည် ဘုန်းမောက်စ်အသင်းကို ဘောလုံးပိုင်ဆိုင်မှု အသာစီးဖြင့် ဖိအားပေး ကစားနိုင်ခဲ့သော်လည်း ဘုန်းမောက်စ်အသင်းက ပွဲချိန် ကိုးမိနစ်တွင် ဆီမန်ညိုနှင့် ပွဲချိန် ၆၄ မိနစ်တွင် အီဗာနယ်ဆင်တို့၏ သွင်းဂိုးများကြောင့် မန်စီးတီးအသင်းအခက်တွေ့ခဲ့ရပြီး ပွဲချိန် ၈၂ မိနစ်တွင် ဂါဗယ်ဒီလိုက ချေပဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့သည့်အတွက် ပွဲပြီးဆုံးချိန်တွင် ၂ ဂိုး- ၁ ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ၃၂ ပွဲဆက် ရှုံးပွဲမရှိစံချိန်ရပ်တန့်ခဲ့ရသည်။

‌မန်စီးတီးအသင်းသည်    ပြီးခဲ့သည့်ဘောလုံးရာသီက  ပရီးမီးယားလိဂ်ပြိုင်ပွဲ   ပွဲစဉ်(၁၅)အဖြစ် အက်စ်တွန်ဗီလာ အသင်းနှင့်ပွဲစဉ်တွင် ၁ ဂိုး- ဂိုးမရှိဖြင့်ရှုံးနိမ့်ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ၃၂ ပွဲဆက်ရှုံးပွဲမရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့သော်လည်း ဘုန်းမောက်စ်အသင်းကို ရှုံးနိမ့်ပြီးနောက် ရှုံးပွဲမရှိစံချိန်ရပ်တန့်ခဲ့ရသည်။

မန်စီးတီးအသင်းသည် ဘုန်းမောက်စ်အသင်းနှင့် တွေ့ဆုံသည့်ပွဲစဉ်များတွင် ရလဒ်ကောင်းလေ့ရှိသော်လည်း ယခုအခါ ရှုံးနိမ့်ခဲ့သည့်အတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ဘုန်းမောက်စ်အသင်းကို ၁၄ ပွဲဆက်အနိုင်ရရှိခဲ့သည့် မှတ်တမ်းကောင်း တစ်ရပ်လည်း ရပ်တန့်ခဲ့ရကြောင်း သိရသည်။      

Dates: 
Monday, November 4, 2024 - 05:58