ဘာနာဒိုဆေးလ်ဗား၏ တစ်လုံးတည်းသော အနိုင်ဂိုးဖြင့် ချယ်လ်ဆီးအသင်းကို အနိုင်ယူပြီး မန်စီးတီးအသင်း အက်ဖ်အေဖလားပြိုင်ပွဲ ဗိုလ်လုပွဲတက်ရောက်

 

ဘာနာဒိုဆေးလ်ဗား၏ တစ်လုံးတည်းသော အနိုင်ဂိုးဖြင့် ချယ်လ်ဆီးအသင်းကို အနိုင်ယူပြီး မန်စီးတီးအသင်း အက်ဖ်အေဖလားပြိုင်ပွဲ ဗိုလ်လုပွဲတက်ရောက်

အက်ဖ်အေဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် မန်စီးတီးအသင်းနှင့် ချယ်လ်ဆီးအသင်းတို့ ကစားခဲ့ရာ မန်စီးတီးအသင်းက ဘာနာဒိုဆေးလ်ဗား၏ တစ်လုံး တည်းသောအနိုင်ဂိုးဖြင့် အနိုင်ရရှိပြီးနောက် ဗိုလ်လုပွဲသို့   နှစ်နှစ်ဆက် တက်ရောက်နိုင်ခဲ့ကြောင်း  သိရသည်။

အဆိုပါပွဲစဉ် ပထမပိုင်းတွင် မန်စီးတီးအသင်းက ဘောလုံးပိုင်ဆိုင်မှုအသာစီးဖြင့် ဖိအားပေးကစားနိုင်ခဲ့ သော်လည်း     နှစ်သင်းစလုံး  ဂိုးသွင်းခွင့်များရရှိခဲ့ပြီး ချယ်လ်ဆီးအသင်းတိုက်စစ်မှူး ဂျက်ဆန်၏အဆုံးသတ် ပိုင်းအားနည်းမှုများကြောင့်သာ   ချယ်လ်ဆီးအသင်း ဂိုးရရှိနိုင်မည့်အခွင့်အရေးများနစ်နာခဲ့ရကာ  ပထမ ပိုင်းတွင် ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့သည်။

ဆက်လက်ပြီး   ဒုတိယပိုင်းတွင်လည်း   မန်စီးတီး အသင်းက ဘောလုံးပိုင်ဆိုင်မှုအသာစီးဖြင့် ဆက်လက်  ဖိအားပေးကစားနိုင်ခဲ့ကာ ပွဲချိန် ၈၄ မိနစ်တွင် ဘာနာဒို ဆေးလ်ဗားက မန်စီးတီးအသင်းအတွက် တစ်လုံးတည်း သော ဦးဆောင်ဂိုးသွင်းယူပေးနိုင်ခဲ့သည့်အတွက် ပွဲပြီး ဆုံးချိန်တွင် မန်စီးတီးအသင်းက ၁ ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့သည်။

မန်စီးတီးအသင်းသည် ပြီးခဲ့သည့်ဘောလုံးရာသီကလည်း  အက်ဖ်အေဖလားပြိုင်ပွဲ  ဗိုလ်လုပွဲစဉ်တွင် မန်ယူအသင်းကိုအနိုင်ရရှိပြီး   ချန်ပီယံဆုဆွတ်ခူးနိုင် ခဲ့ကာ  ယခုဘောလုံးရာသီတွင်လည်း   မန်ယူအသင်း နှင့် ကိုဗင်ထရီအသင်းတို့မှ အနိုင်ရရှိမည့်အသင်းနှင့် မေလ၂၅ ရက်တွင် ဗိုလ်လုပွဲယှဉ်ပြိုင်ကစားရမည်ဖြစ် ကြောင်း သိရသည်။

Ref;Fotmob

Dates: 
Monday, November 4, 2024 - 06:17