MYANMAR FOOTBALL ACADEMIES TOURNAMENT 2024 ပြိုင်ပွဲ တတိယနေ့ပွဲစဉ်များ ဆက်လက် ကျင်းပ
ရန်ကုန် နိုဝင်ဘာ ၄
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ကြီးမှူးပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အကယ်ဒမီအသင်းများ၊ ISPE အသင်းများ ပါဝင်ယှဉ်ပြိုင်လျက်ရှိသည့် MYANMAR FOOTBALL ACADEMIES TOURNAMENT 2024 ပြိုင်ပွဲ တတိယနေ့ပွဲစဉ်များကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၌ ဆက်လက်ကျင်းပခဲ့ကြောင်းသိရသည်။
MYANMAR FOOTBALL ACADEMIES TOURNAMENT 2024 ပြိုင်ပွဲ တတိယနေ့ပွဲစဉ်များအဖြစ် ယနေ့ နံနက် ၇ နာရီခွဲတွင် လေ့ကျင့်ရေးကွင်းအမှတ်(၂)၌ တပ်မတော်ဘောလုံးအကယ်ဒမီအသင်းနှင့် ISPE (မော်လမြိုင်)အသင်းတို့ကစားခဲ့ရာ ISPE (မော်လမြိုင်)အသင်းက ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ မန္တလေးအကယ်ဒမီ(C )အသင်းနှင့် ISPE(မုံရွာ)အသင်းတို့ကစားခဲ့ရာ ISPE (မုံရွာ)အသင်းက ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
အလားတူ ညနေပိုင်းတွင် လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ မန္တလေးအကယ်ဒမီ(A) အသင်းနှင့် ISPE(မန္တလေး)အသင်းတို့ကစားခဲ့ရာ ISPE(မန္တလေး)အသင်းက၅ ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့ပြီး လေ့ကျင့်ရေးကွင်းအမှတ်(၂)၌ မန္တလေးအကယ်ဒမီ(B) အသင်းနှင့်ISPE (ရန်ကုန်) အသင်းတို့ ကစားခဲ့ရာ မန္တလေးအကယ်ဒမီ(B)အသင်းက ၂ ဂိုး ဂိုးမရှိဖြင့် အသီးသီး အနိုင်ရရှိခဲ့ကြကြောင်း သိရသည်။