Uab Bank Badminton Junior Championship 2024 ကြက်တောင်ပြိုင်ပွဲကျင်းပမည်
ရန်ကုန် ဧပြီ ၁၉
မြန်မာနိုင်ငံ ကြက်တောင်အားကစားအဆင့်အတန်း ပိုမိုတိုးတက်မြင့်မားလာစေရန်အတွက် ပြောင်းလဲလာသော ခေတ်စနစ်နှင့်အညီ ကြက်တောင်အားကစားအောင်နိုင်ရေး လုပ်ငန်းများအား အရှိန်အဟုန်မပြတ် စနစ်တကျ ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံကြက်တောင်အဖွဲ့ချုပ်နှင့်ပူးပေါင်း၍ Uab Bank Badminton Junior Cham-pionship 2024 ကြက်တောင်ပြိုင်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲတွင် အသက် ၉ နှစ်အောက် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲနှင့် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၊ အသက် ၁၁ နှစ်အောက် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲနှင့် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၊ အသက် ၁၃ နှစ်အောက် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲနှင့် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၊ အသက် ၁၅ နှစ်အောက် အမျိုးသား တစ်ဦးချင်းပြိုင်ပွဲနှင့် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၊ အသက် ၁၅ နှစ်အောက် အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲနှင့် အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲ၊ အသက် ၁၇ နှစ်အောက် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲနှင့် အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲ၊ အသက် ၁၇ နှစ်အောက် အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲနှင့် အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲ၊ အသက် ၁၉ နှစ်အောက် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲနှင့် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၊ အသက် ၁၉ နှစ်အောက် အမျိုးသားနှစ်ယောက်တွဲပြိုင်ပွဲနှင့် အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲများ ပါဝင်မည်ဖြစ်သည်။
အဆိုပါပြိုင်ပွဲအား မေလ ၁ ရက်မှ ၄ ရက်အထိ ရန်ကုန်တိုင်းဒေသကြီးလမ်းမတော်မြို့နယ်ရှိ အမျိုးသားကြက်တောင်အားကစားခန်းမ၌ ကျင်းပသွားမည်ဖြစ်ပြီး ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်(BWF)မှ နောက်ဆုံးအတည်ပြု ထုတ်ပြန်ထားသော ကြက်တောင်အားကစား နည်းဥပဒေနှင့်အညီ ကျင်းပသွားမည်ဖြစ်ရာ ပြိုင်ပွဲဝင်ရောက်လိုသူများအနေဖြင့် ယှဉ်ပြိုင်လိုသည့်အတန်းများအား ဖော်ပြလျက် ၂၀၂၄ ခုနှစ် ဧပြီလ ၂၆ ရက်နေ့ နောက်ဆုံးထားပေးပို့ရမည်ဖြစ်သည်။
မြန်မာနိုင်ငံ ကြက်တောင်အားကစားအဆင့်အတန်းအား အရှေ့တောင်အာရှ၊ အာရှအဆင့်မှကမ္ဘာ့အဆင့်သို့ တက်လှမ်းနိုင်စေရန်၊ နိုင်ငံ့ကိုယ်စားပြုလက်ရွေးစင်အားကစားသမားများ ပေါ်ပေါက်လာစေရန်၊ ဆုကြေးများ ထိုက်ထိုက်တန်တန် ချီးမြှင့်သောပြိုင်ပွဲများကျင်းပခြင်းဖြင့် အားကစားသမား များ မိမိတို့အားကစား အရည်အသွေးကို မြှင့်တင်လိုစိတ်ထက်သန်လာစေရန်၊ သက်တမ်းအလိုက်ပြိုင်ပွဲများ၊ တံခွန်စိုက်ပြိုင်ပွဲများ ကျင်းပပေးခြင်းဖြင့် အလားအလာကောင်းသော မျိုးဆက်သစ်လူငယ်အားကစား မောင်မယ်များအား ရွေးချယ်စုစည်း လေ့ကျင့်ပေးခြင်းဖြင့် မြန်မာ့ကြက်တောင်အားကစားအဆင့်အတန်းကို မြှင့်တင်သွားရန် ရည်ရွယ်ကာ ယင်းပြိုင်ပွဲအားကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
ဝန်းရံခ