မိုးကောင်းမြို့နယ်တွင် Ammonium Nitrate များ ဖမ်းဆီးရမိ

 

မိုးကောင်းမြို့နယ်တွင် Ammonium Nitrate များ ဖမ်းဆီးရမိ

နေပြည်တော်  ဧပြီ  ၁၈

 

ဧပြီလ ၁၅ ရက် ၀၆၀၀ ချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးကောင်းမြို့နယ် တောင်နီကျေးရွာအုပ်စု တောင်နီကျေးရွာအနီးတွင် ကိုလတ်(ခ)လတ်လတ်၊ မင်းသိန်း၊ နေလင်းအောင်(ခ)ကိုနေနှင့် ဝေယံစိုးတို့အား YANG  FONDအမျိုးအစား မော်တော်ယာဉ်တစ်စီးနှင့်အတူ မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ  ယာဉ်ပေါ်မှ ထိန်းချုပ်ဓာတုပစ္စည်း   Ammonium Nitrate ၁၆၀၀၀  ကီလို  သိမ်းဆည်းရမိခဲ့သဖြင့် ကိုလတ်(ခ)လတ်လတ်(၄၂)နှစ်၊ မင်းသိန်း(၄၃)နှစ်၊ နေလင်းအောင်(ခ)ကိုနေ(၃၆)

နှစ်နှင့် ဝေယံစိုး(၂၂)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။

Dates: 
Thursday, November 7, 2024 - 06:32