ဒေါ့မွန်အသင်းသမိုင်းတစ်လျှောက် ပွဲပေါင်း ၅၀၀ ပြည့်မြောက်သည့် ဒုတိယမြောက် ကစားသမားအဖြစ် ခံစစ်ကစားသမား ဟမ်မဲလ် မှတ်တမ်းဝင်
ဒေါ့မွန်အသင်း ဝါရင့်ခံစစ်ကစားသမား ဟမ်မဲလ်သည် အသင်းသမိုင်းတစ်လျှောက် ပြိုင်ပွဲစုံ ပွဲပေါင်း ၅၀၀ ပြည့်မြောက်သည့် ဒုတိယမြောက်ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
ချန်ပီယံလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့် ဒုတိယအကျော့ပွဲစဉ်အဖြစ် ကစားသည့် ဒေါ့မွန်အသင်းနှင့် အက်သလက်တီကို အသင်းတို့ပွဲစဉ်တွင် ဟမ်မဲလ် ပါဝင်ကစားပြီးနောက် အသင်းနှင့်အတူ ပြိုင်ပွဲစုံ ပွဲပေါင်း ၅၀၀ ပြည့်မြောက်ခဲ့ခြင်းဖြစ်သည်။
အသက် ၃၅ နှစ်အရွယ် ဟမ်မဲလ်သည် ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို ဘိုင်ယန်မြူးနစ် အသင်းနှင့်အတူ ၂၀၀၆ ခုနှစ်က စတင်ခဲ့ပြီးနောက် ၂၀၀၈ ခုနှစ်က ဒေါ့မွန်အသင်းသို့ ပထမအကြိမ်အဖြစ် ပြောင်းရွှေ့ကစားခဲ့သူဖြစ်သည်။
ဟမ်မဲလ်သည် ဒေါ့မွန်အသင်းတွင် ၂၀၁၆ ခုနှစ်အထိကစားပြီးနောက် ၂၀၁၆ ခုနှစ် ဇူလိုင်လက အသင်းဟောင်း ဘိုင်ယန်မြူးနစ်အသင်းသို့ ပြန်လည်ပြောင်းရွှေ့ခဲ့သော်လည်း ဘိုင်ယန်မြူးနစ်အသင်းတွင် ရုန်းကန် နေရသည့်အတွက် ၂၀၁၉ ခုနှစ် ဇူလိုင်လက ဒေါ့မွန်အသင်းသို့ ဒုတိယအကြိမ် ပြန်လည်ပြောင်းရွှေ့ခဲ့သည်။
လက်ရှိ ဒေါ့မွန်အသင်းတွင် ဟမ်မဲလ်မတိုင်မီက အသင်းသမိုင်းတစ်လျှောက် ပြိုင်ပွဲစုံ ပွဲပေါင်း ၅၀၀ ပြည့်မြောက်သည့် မီချာအယ်ဇော့က ပွဲပေါင်း ၅၇၂ ပွဲဖြင့် မှတ်တမ်းဝင်ထားပြီး ပွဲအများဆုံး ကစားသမားအဖြစ် ရပ်တည်နေကြောင်း သိရသည်။
Ref;Bild